www.bigoo.ws www.bigoo.ws www.bigoo.ws www.bigoo.ws www.bigoo.ws www.bigoo.ws www.bigoo.ws www.bigoo.ws www.bigoo.ws www.bigoo.ws www.bigoo.ws www.bigoo.ws www.bigoo.ws www.bigoo.ws www.bigoo.ws www.bigoo.ws www.bigoo.ws www.bigoo.ws

Friday, June 18, 2010

ယခင်အပတ်ဒေသနာအကျဉ်း

ယခင်အပတ်ဒေသနာအကျဉ်း
Saya Zen Khan Lian


ယခင်အပတ် နုတ်ကပါတ်တော်ကို (ဧဖက် ၆း၁-၃) မှ ဝေငှသွားခဲ့ပြီး မိခင်များနှင့်ဆိုင်သောအရာများကို ကြားနာခဲ့ကြသည်။
- မိခင်တစ်ဦးရဲ့ နုတ်ထွတ်စကားများဟာ တန်ဖိုးပါသည်။
- လူသားများပင်မက၊ တိရစ္ဆာန်များတွင်ပင် မိခင်စိတ်ပြင်းထန် ကြောင်းကိုတွေ့ရသည်။

# လူတစ်ယောက်ဖွံ့ဖြိုးရန်လိုအပ်သည့် နှစ်ချက်မှာ မျိုးရိုးဗီဇနှင့် ပတ်ဝန်းကျင်ဖြစ်သည်။
- ကျနော်တို့သည် ခရစ်တော်အားဖြင့် မျိုးရိုးဗီဇ၁၀၀ရာခိုင်နှုန်းကောင်းပြီးသားဖြစ်သဖြင့် လုပ်ဆောင်ရမည့်အပိုင်းမှာ ပတ်ဝန်းကျင်ဖြစ်သည်။

မိခင် “Mother” ဆိုသည့်အဓိပ္ပါယ်မှာ
M-Manager (စီမံအုပ်ချုပ်သူ)
O-Organizer (စည်းရုံးဖွဲ့စည်းသူ)
T-Teacher (ဆရာသမား)
H-Harmony (လိုက်ရောညီထွေစွာပြုမှုတပ်မှု)
E-Example (စံနမှုနာထားရမည့်သူ)
R-Representative (ကိုယ်စားခံပုဂ္ဂိလ်)

သမ္မာကျမ်းစာလေ့လာခြင်း

Saya Mangpi

မိန်ကလေး၊မိန်းမ ဆိုတဲ့ ဘ၀ကနေမိခင်ဘ၀ရောက်တာနဲ့ ဖြစ်ချင်တဲ့ ဆန္ဒ၊ရည်မှန်းထားတဲ့ပန်းတိုင်တွေကိုရောက်ဖို့ အခက်ခဲများကိုကြိတ်မိတ်ခံပြီး သားသမီးများလူလားမြောက်ဖို့အတွက် ဘ၀ကိုဆုံးရှုံးပေးဆပ်ရတဲ့ မိဘမေတ္တာဖြစ်ပါတယ်။

မိခင်တယောက်အနေနဲ့ စိတ်၊ခန္ဓာပိုင်းဆိုင်ရာ ဖွံ့ဖြိုးပြီးလူလားမြောက်ဖို့အတွက် စိတ်ဆင်းရဲဒဏ်ခံနေရရုံသာမက၊ မိသားစုဘ၀ဖိုလုံရေးအတွက် ကြိုးစားအနှစ်နာခံရင်း ဒုက္ခမျိုးစုံခံစားနေရသည်။ ဒီလိုအခက်ခဲ ကြမ်းတမ်းတဲ့ ဒဏ်တွေကြားထဲ အပြုံးမပျက် မိခင်ပီပီသသ ရပ်တည်ကြတဲ့ မိခင်များ၏ မေတ္တာသည် အဘယ်အရာနဲ့မှနှိုင်းလို့မရတဲ့ မေတ္တာဖြစ်သည်။

မိခင်ဆိုတာဖြစ်ချင်တဲ့ ဆန္ဒ၊ပျော်ရွှင်တဲ့ဘ၀ကို စွန့်လွှတ်ပြီးကြီးမားခက်ခဲ့သည့်တာဝန်ကို ထမ်းဆောင်ရခြင်းဖြစ်သည်။


အဲသည်လို ကြီးမားတဲ့ တာဝန်ကမိခင်များကို အခြားကဏ္ဍတွေမှာ မျှော်လင့်တဲ့အတိုင်းအတာအထိ မစွမ်းဆောင်နိုင်တဲ့ အားနည်းချက်များကို ခင်ပွန်းနှင့် သားသမီးများက နားလည်း ခွင့်လွှတ်ပေးဖို့ဆိုတာ မိခင်များ၏ ဖွင့်မပြရဲသော ဆန္ဒဖြစ်သည်။

မိခင်တိုင်းက ကိုယ့်သားသမီးများကို အသက်နှစ်အမျှချစ်သော်လည်း ချစ်ခြင်းကို ဘယ်လိုပြသရမည်ဆိုတဲ့အချက်ကို မလေ့လာအရေးမစိုက်မိတဲ့အခါ သားသမီးများအပေါ်တွင် အကျိုးရလဒ်ဆိုးများ ရောက်ရှိတက်သည်။


သိမှတ်စရာသမ္မာကျမ်းစာ

ခရစ်ယာန်တစ်ယောက်ဖောက်ပြန်ခြင်းလက္ခဏာများ

၁) ဘုရားအတွက် အချိန်မပေးနိုင်ခြင်း၊ဘုရားကျောင်းတက်ဖို့ရန်ရပ်တန့်ခြင်း
၂) တစ်ဦး(သို့)အများနှင့် ဆုတောင်းရန်စိတ်မ၀င်စားခြင်း၊ကျမ်းစာဖတ်ရန်ပျင်းရိခြင်း
၃) ခရစ်ယာန်အကြောင်းပြောပြရန် စိတ်မ၀င်စားခြင်း

ရီမောစရာကဏ္ဍ

ဝတ်ပြုအစီစဉ်သို့ ဆရာမနှင့်ကလေးသူငယ်အချို့လာနေကြရာတွင် ဆရာမက”ဘာဖြစ်လို့ ဘုရားကျောင်းမှာ တိတ်တိတ်ဆိတ်ဆိတ်နေရမှာလဲသိလား” ဟုမေးလိုက်ရာ၊လိမ်မာပါးနပ်သော ကလေးတစ်ယောက်က “ဘုရားကျောင်းမှာ လူတွေ အိပ်နေတက်လို့ပါ” ဆရာမဟုတ် ဖြေလိုက်လေသည်။

0 comments:

Design By

SBSangpi

လာရောက်သူတယောက်စီတိုင်းအပေါ်မှာ ဘုရားရှင်ကောင်းကြီးပေးပါစေ။ Design by : SB Sangpi