www.bigoo.ws www.bigoo.ws www.bigoo.ws www.bigoo.ws www.bigoo.ws www.bigoo.ws www.bigoo.ws www.bigoo.ws www.bigoo.ws www.bigoo.ws www.bigoo.ws www.bigoo.ws www.bigoo.ws www.bigoo.ws www.bigoo.ws www.bigoo.ws www.bigoo.ws www.bigoo.ws

Thursday, May 27, 2010

မိခင်များနေ့အစီစဉ်

ယခင်အပတ် ဒေသနာအကျဉ်း
Saya A Phong

ယခင်အပတ်ဒေသနာကို ဆာလံ ၁၂၁ မှဝေငှခွန်အားပေးသွားခဲ့ပါသည်။
#ဆာလံ ၁၂၁ သည် ယေရုရှင်လင်မြို့သို့ ဘုရားဖူးသွားသူများက သီဆိုခဲ့သည် သီချင်းတပုဒ်အနေနှင့် တွေ့ရသည်။
#(၁-၂)ဆာလံဆရာက “ငါကိုမစခြင်းအကြောင်းသည် ပေါ်ထွတ်ရသော တောင်ရိုးပ်ါသို့ ငါမျှော်ကြည့်၏” ဟုဆိုတဲ့ အခါသူသည် ဖန်းဆင်းခြင်း အရာဖြစ်သော တောင်ကို အာရုံပြုခြင်းမဟုတ်ဘဲ၊သူ့အားကောင်းကြီးပေးနေသော ဖန်းဆင်းရှင်ထာဝရဘုရားကို အာရုံပြုခြင်းဖြစ်သည်။
#ကျနော်တို့၏ အသက်တာတွင် ဒုက္ခကြုံတဲ့အခါ ဖန်ဆင်းထားတဲ့ အရာတွေထက် ဖန်ဆင်းရှင်ကို ရှေးဦးစွာ မျှော်ကြည့်ဖို့ ဘုရားရှင်အလိုရှိပါတယ်.
#ဖန်ဆင်းရှင်ကို အရင်ကိုးစားတဲ့အခါ ဘုရားသခင်က သင့်ကိုကောင်းချီးပေးဖို့ရန် ဖန်ဆင်းခြင်းအရာများကို အသုံးပြုနိုင်တယ်။
#(၃-၅)ကျနော်တို့ရဲ့ ခြေကိုစောင့်ထိန်းတဲ့ဘုရားရှင်သည် သူဘဲဖြစ်တယ်.
-နေနှင့်ည အိပ်ပျော်ငှိက်မြည်းခြင်းမရှိဘဲ ကာကွယ်ပေးသော အရှင်ဖြစ်သောကြောင့် သင်သည်ကောင်းစွာ အိပ်စက်ရသော အခွင့်ရှိတယ်။
#(၆-၈)နေ၏ပူပင်းခြင်းကြောင့်၎င်း၊လရောင်၏ရောင်ခြည်ကြောင့် ဖြစ်ပေါ်စေသည့် အိပ်မရခြင်းအိပ်မက်အတွေ့အကြုံဆိုးများမှပင် သင့်ကိုကာကွယ်မည့် အရှင်သည် ထာဝရဘုရားသခင်သာဖြစ်သည်။
သမ္မာကျမ်းစာလေ့လာခြင်း
Saya Mangpi

#ယခင်အပတ်သမ္မာကျမ်းစာလ့လာခြင်းကို ကမ္ဘာဦးကျမ်း(၁၅:၆)မှ လေ့လာခဲ့ကြသည်။
#ဘုရားသခင်ကို သိပြီးမှ ၀ိညာဉ်ရေးရာမတိုးတက်ခြင်းသည် ကျနော်တို့၏ အသက်တာမှာ ဆုံးရှုံးခြင်းဖြစ်သည်။
အာဗြံဟံ ကိုလူမျိုးတကာအတွက် ကောင်းကြီးဖြစ်စေမယ်။
သင့်အားဖြင့် လူမျိုးတွေကို ကောင်းကြီးပေးနိုင်တယ်။
ထိုကဲ့သို့ ဖြစ်လာရန် ကျနော်တို့ ဏ္ဍဘက်မှာလဲ တာဝန်ရှိတယ်။

#အာဗြာဟံ သည်သားရရှိဖို့ရန် မဖြစ်နိုင်သည့်အခြေနေတွင် ရရှိခဲ့သည်။
သို့သော် ဘုရားကပေးမယ်ဆိုတဲ့ နှုတ်ထွတ်စကားရှိခဲ့လို့ ဘုရားကအမှန်တကယ် သားကိုပေးခဲ့ပါတယ်။
ကျနော်တို့အသက်တာတွင် နှုတ်ကပတ်တော်ကို ယုံကြည်လျှက် ထိုအပေါ်မှာရပ်တည်လျှင် ဘုရားကကောင်းကြီးပေးမှာ ဖြစ်တယ်။

သိမှတ်စရာသမ္မာကျမ်းစာ
သမ္မာကျမ်းစာမှပေးသော မိခင်တာဝန်များ
မိမိသားသမီးကိုချစ်သောသူဖြစ်ရန်၊(တိတု ၂:၄-၅)
ဘုရားသခင်၏ တရားတော်များကို သင်ကြားနိုင်သောသူဖြစ်ရန် (တရား ၆း၆-၇)
သားသမီးများအား အတက်ပညာတိုးဖွားရန် ကူညီပေးပြီး၊၀ိညာဉ်ပိုင်းဆိုင်ရာ ဆုကျေးဇူးများကို ရှာဖွေတွေ့ရှိရန်
ကူညီပေးသောသူဖြစ်ရန်။(သုတ္တံ ၂၂း၆)
ဘုရားသခင်ကို ကြောက်ရွံတက်ရန်၊ချစ်ရန်၊သစ္စာရှိရန် သင်ကြားပေးသောသူ။(ဧဖက် ၆း၎၊သုတ္တံ ၂၈း၁၃-၁၄)
မိမိကိုယ်တိုင် ဘုရား၌မွေ့လျှော်၍ စံနမှုနာဖြစ်ရန်။(တရား၎း၉)



ရီမောစရာ
ကျိုးပျက်စရာပါသလား.
စေတနာကောင်းသော အမျိုးသမီးတဦးသည် ရပ်ဝေးတွင်ရှိနေသော သူမ၏အကိုအား ကျမ်းစာအုပ်ဟောင်းတအုပ်ကို ပို့ရန်စာတိုက်သို့ရောက်လာသတဲ့။ “တစ်စုံတစ်ခုကျိုးပျက်စရာ ပါသလား.” ဟု
စာတိုက်အလုပ်သမားက မေးတဲ့အခါ “ကျိုးပျက်စရာ ပညတ်တော်ဆယ်ပါးပဲ” ပါတယ်ဟု ပြန်ဖြေလိုက်တယ်။

ဒီအပတ်ဟာ မိခင်များနေ့ဖြစ်သလို၊ နိုင်ငံခြားသို့ထွတ်ခွာသွားမည့် မိသားစု၂စုကို နှုတ်ဆက်တဲ့နေဖြစ်ပါတယ်။ ဒီအပတ်ဟာ တခြားအပတ်များနှင့် မတူတဲ့ အစီစဉ်များကိုလဲ လုပ်ဆောင်သွားကြပါတယ်..အမျိုးသမီးအဖွဲ့မှ
Mission Hospital ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြဇာတ်ကိုလဲ ပြုလုပ်ခဲ့ပါတယ်၊ ဒီအပြင် မိခင်များနေ့ အထူးအစီစဉ်အနေနဲ့ မိခင်များက ကိုယ့်သားသမီးများပေါ်မှာ လက်တင်ဆုတောင်းပေးခြင်း၊မိမိ၏ မိခင်မရှိသောသူများ၊မိခင်ခေါ်တော်မှုခြင်းခံရသော သားသမီးများမှာလဲ သားသမီးများမရှိသောမိခင်များမှ လက်တင်ဆုတောင်းပေးကာ အပြန်အလှန် မျက်ရည်ကျလောက်အောင် သန့်ရှင်းသော ၀ိညာဉ်တော်အလုပ်လုပ်ခဲ့ပါတယ်.

0 comments:

Design By

SBSangpi

လာရောက်သူတယောက်စီတိုင်းအပေါ်မှာ ဘုရားရှင်ကောင်းကြီးပေးပါစေ။ Design by : SB Sangpi