www.bigoo.ws www.bigoo.ws www.bigoo.ws www.bigoo.ws www.bigoo.ws www.bigoo.ws www.bigoo.ws www.bigoo.ws www.bigoo.ws www.bigoo.ws www.bigoo.ws www.bigoo.ws www.bigoo.ws www.bigoo.ws www.bigoo.ws www.bigoo.ws www.bigoo.ws www.bigoo.ws

Wednesday, July 29, 2009

၂၀၁၂ မှာ တကယ်ပဲ ကမ္ဘာပျက်မှာလား ( 2012 Dec 21 is really our Doomsday?) ဒီလိုသတင်းတွေလဲအွန်လိုင်းမှာရှိတာပဲ
















၂၀၁၂ မှာ တကယ်ပဲ ကမ္ဘာပျက်မှာလား ( 2012 Dec 21 is really our Doomsday?)ဒီပို့စ်ကို တင်သင့် မတင်သင့် တော်တော်စဉ်းစားပြီးမှ တင်လိုက်တာပါ။ အခြား အကြောင်း အရာတွေက ကိစ္စမရှိပေမယ့် ဒီအကြောင်းအရာက သေချာ မစဉ်းစားရင် စိတ် အနှောက်အယှက် ဖြစ်စေလို့ပါ။ ဒီပို့စ်ကို ဖတ်တဲ့ သူတိုင်း မြတ်စွာဘုရား ဟောကြားခဲ့တဲ့ ကာလာမသုတ် ကို နှလုံးသွင်းပါလို့ ပြောပါရစေ။အခု ကျနော်ရေးမယ့် အကြောင်းအရာက ကြည့်မိတဲ့ သူတွေအကြားမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားစေတဲ့ စကြာဝဠာ နဲ့ ပါတ်သတ်တဲ့ YouTube video တွေအကြောင်းပါ။ အဓိက အကြောင်းအရာက ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၁ မှာ ကမ္ဘာပျက်မယ် ဆိုတဲ့ ကိစ္စပါ။ အဲဒီ ဗွီဒီယို တွေကို Doomsday, Nibiru, Planet X, 2012 December 21 ဆိုတဲ့ keyword တွေနဲ့ အလွယ်တကူ ရှာ တွေ့နိုင်ပါတယ်။ သူတို့တွေ ပြောကြတဲ့ ဦးတည်ချက်က တစ်ခုတည်းပါ။ ၂၀၁၂ မှာ ကမ္ဘာ ပျက်မယ် ဆိုတဲ့ အကြောင်းအရာပါ။ ဘာကြောင့် ပျက်မှာလဲ။ ဘယ်လိုပျက်မှာလဲ။ သူတို့ ရေးတဲ့ အတိုင်း ကျနော် ပြန်ရေးပါ့မယ်။ အောက်မှာ ရေးထားတဲ့ အကြောင်းအရာဟာ ကျနော့် စာသား မဟုတ်ပါ။ သူတို့ ရေးထားတာကို တိုက်ရိုက်ဘာသာ ပြန်ပေးတာ ဖြစ်ပါတယ်။ (ပေရှည် နေတာတွေကို ဖျက် ထုတ်ခဲ့ပါတယ်)ကမ္ဘာပေါ်က အချို့ သော အကြောင်းအရာတွေဟာ ရှင်းပြ နိုင်တဲ့ အကြောင်းအရာတွေ မဟုတ်ကြ ပါဘူး။ ဥပမာ - Stonehenge နဲ့ Easter Island တို့လိုပေါ့။ သေချာ ရှင်းမပြနိုင်တဲ့ အရာတွေ အဖြစ် ယနေ့ထိ ရှိနေဆဲပါ။ သူတို့ကို ဘယ်သူ တည်ဆောက်ခဲ့တယ်၊ ဒါမှမဟုတ် ဘယ်လို ဖြစ်လာခဲ့တယ် ဆိုတာ ဘယ်သူမှ ရာနှုန်းပြည့် မပြောနိုင်ပါဘူး။ (ပုံမှာ Stonehenge နဲ့ Easter Island ပေါ်က အရုပ်တွေကို ပြထားပါတယ်။ Easter Island က သြစတေးလျ နဲ့ ချီလီ အကြားက ပစိဖိတ် ရေပြင်ကျယ် ကြီး အလယ် လောက်မှာ ရှိတာ၊ ဘယ်တုန်းက များ ရှေးဟောင်း လူတွေ ရောက်ပြီး ဒါတွေ လုပ်သွားလဲ.. ကျနော်လည်း အံ့သြော မိပါတယ်)။ ကျနော် အခုရှင်းပြမယ့် အကြောင်း အရာကလည်း သေချာ ရှင်းမပြ နိုင်တဲ့ အကြောင်းအရာ တစ်ခုပါ။ ကမ္ဘာ ကြီးပျက်မယ့် နေ့စွဲကို ပြောတာပါ။ အဲဒီ နေ့စွဲက ၂၀၁၂ ဒီဇင်ဘာ ၂၁ ရက်နေ့ ဖြစ်ပါတယ်။ အဲဒီနေ့လို့ ပြောလိုက်တဲ့ အတွက် ကျနော့်လိုပဲ ခင်ဗျားလည်း အံ့အားသင့် သွားနိုင်ပါတယ်။ ဒါပေမယ့် NASA နဲ့ Governments တွေကတော့ အံ့အား သင့်မယ် မဟုတ်ပါဘူး။ ဘာလို့လဲ ဆိုတော့ သူတို့ဟာ ၁၉၈၃ ခုနှစ်ကတည်းက ဒီအကြောင်းကို သိနေကြ နှင့်ပြီးသား ဖြစ်နေလို့ပါ။ ဘာကို သိနေကြ တာပါလဲ။ အခုဘယ်သူတွေက ကျနော်တို့ ကမ္ဘာနဲ့ ပါတ်သတ်ပြီး သတိပေးခဲ့သလဲ ဆိုတာ ကြည့်ကြ ရအောင်ပါ။Nostradamus ကပြောပါတယ်၊ စကြာဝဠာအတွင်းက ကြီးမားလှတဲ့ အရာဝတ္ထုတစ်ခုဟာ ကျနော်တို့ ကမ္ဘာဆီကို ဦးတည်ပြီး လာနေပါတယ်။ သူ့ရဲ့ နေပါတ်လမ်းဟာ နှစ်ပေါင်း ၃၆၀၀ မှာ တစ်ပါတ် ပြည့်ပြီး ၂၀၁၂ ခုနှစ်မှာ ကျနော်တို့ ဆီကို ရောက်ပါမယ်၊ ဒါပေမယ့် ကမ္ဘာကို ဝင်တိုက်မိမှာတော့ မဟုတ်ပါဘူး။ Albert Einstein က pole shift နဲ့ ပါတ်သတ်ပြီး သတိပေး ခဲ့ပါတယ်။ pole shifting အချိန်မှာ လူသားတွေ အပြင်းအထန် ခံစားရမယ် ဆိုတာပါ။ မာယန် ပရောဖက် တွေရဲ့ The Tzolkin ဆိုတဲ့ ပြက္ခဒိန်မှာ ၂၀၁၂ ခုနှစ်ဟာ အဆုံးသတ် အမှတ် ဖြစ်နေပါတယ်။ စက်ဝန်းကြီး တစ်ခုရဲ့ အဆုံးမှတ် ဖြစ်ပါတယ်။ အဲဒီ စက်ဝန်းကြီးက အစမှတ် (day 0.0.0.0.0) 11th August 3114 BC မှာ စတင်ပြီး အဆုံးမှတ် (day 13.0.0.0.0) 21st December 2012 AD မှာ ဆုံးပါတယ်။ နှစ်ပေါင်း ၃၆၀၀ ပြည့်တိုင်း စက်ဝန်းကြီး တစ်ပါတ်လည် ပါတယ်။ holy bible ကလည်း 2012 ခုနှစ်ကို သတိပေးထားပါတယ်။ အခြားအခြား သော အရာတွေအားလုံးမှာလည်း 2012 December 21 ကို ရည်ညွှန်းထားတာတွေ တွေ့ရပါတယ်။ မေးခွန်းတစ်ခု ရှိပါတယ်။ ၂၀၁၂ မှာ သေချာပေါက် ဖြစ်မှာမှန်း သိရက်နဲ့ ဘာကြောင့် နာဆာက လူတွေကို အသိမပေးတာလဲ။ သူတို့ဟာ ကမ္ဘာပေါ်က လူသားတွေ အားလုံး သိသွားကြရင် လူတွေ အားလုံး အသက်ရှင် ကျန်ရစ်ရေး ကြိုးပမ်းကြတဲ့ အခါ သူတို့ အတွက် အခွင့် အလမ်း နည်းသွားမှာ စိုးလို့ ဖြစ်ပါတယ်။ အခု ဖော်ပြမဲ့ အကြောင်းအရာက NASA ဟာ ၁၉၈၃ ခုနှစ်က ဘယ်တွေ့ရှိချက်ကို လျှို့ဝှက်ခဲ့တာလဲ ဆိုတာပါ။ 1982 ခုနှစ်မှာ NASA ဟာ extra solar planet တစ်ခုကို စပြီး သတိထား မိခဲ့ပါတယ်။ 1983 ခုနှစ်မှာ NASA ဟာ IRAS (Infrared Astronomical Satellite) ကို လွှတ်တင်ခဲ့ပြီးတော့ အဲဒီ satellite က ဂျူပီတာဂြိုဟ်လောက် ကြီးမားတဲ့ object တစ်ခုကို တွေ့ရှိခဲ့ပါတယ်။ အဲဒီ Object ကို Planet X (Nibiru) လို့ နာမည်ပေးခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာ planet Nibiru ဟာ ကမ္ဘာနဲ့ နေရဲ့ အကြားကို ဝင်ရောက် ဖြတ်သန်း ပါမယ်။ သူ ဖြတ်သန်းမယ့် အနေ အထား ကတော့ ပုံမှာ ပြထားတဲ့ အတိုင်းပါပဲ။ အဲဒီ အချက်ကြောင့် Atlantis မြို့ ကြီး နစ်မြုပ်ခဲ့သလို Noah ရဲ့ လှေကြီး တစ်ခုပဲ ရေပေါ်မှာ ရှိခဲ့တုန်းကလို အခြေ အနေမျိုး ၂၀၁၂ နောင်းပိုင်းမှာ ပြန်ဖြစ်လာပါမယ်။ ကျနော် တို့မှာ ရှောင်လွှဲစရာ နည်းလမ်း မရှိပါဘူး။ နေစရာ ကမ္ဘာ တစ်ခုပဲ ရှိတဲ့ အတွက် မလွဲ မသွေ ရင်ဆိုင် ရပါ လိမ့်မယ်။ Stonehenge နဲ့ Easter Island အကြောင်း ကျနော်တို့ ဘာလို့ မသိ တာလဲ။ ဖြစ်နိုင်တာက အရင်က လူတွေ တည်ဆောက် ခဲ့တာဖြစ်ပြီး Nibiru ကြောင့် သူတို့အားလုံး သေဆုံး သွားတဲ့ အခါ အသစ် ဖြစ်လာတဲ့ ကျနော်တို့က မသိတာ ဖြစ်နိုင်ပါတယ်။ Nibiru ဟာ ၂၀၀၉ ခုနှစ် မေလ ၁၅ ရက်နေ့မှာ အနီရောင် အရာဝတ္ထု အဖြစ် သာမာန် မျက်လုံးနဲ့ မြင်နိုင်ပါလိမ့်မယ်။ သူဟာ အပေါ်ကို တက်လာနေတာ ဖြစ်တဲ့ အတွက် ကမ္ဘာ့ တောင်ဘက် အဖျားပိုင်းတွေမှာသာ မြင်နိုင်မှာပါ။ ၂၀၁၁ ခုနှစ် မေလလောက်မှာတော့ သူဟာ ကမ္ဘာပေါ်က လူတွေ အားလုံးမြင်နိုင်လောက်တဲ့ အရွယ်အစား ဖြစ်လာပါလိမ့်မယ်။ ဒုတိယမြောက် နေတစ်လုံး အဖြစ် လရဲ့ အရွယ်အစား လောက် ရှိတဲ့ သူ့ကို မြင်ရပါလိမ့်မယ်။ ကြီးမားလှတဲ့ ဆွဲငင်အားကြောင့် ကမ္ဘာပေါ်မှာ ငလျှင် အကြီးအကျယ် လှုပ်ပြီး ရေကြီးမှုတွေ နေရာ အနှံ့ ဖြစ်ပါမယ်။ ဒါပေမယ့် အဆိုးဆုံး အခြေအနေက ၂၀၁၃ ဖေဖော်ဝါရီ ၁၄ ရက် ဖြစ်ပြီးတော့ အဲဒီ နေ့မှာ ကမ္ဘာဟာ Nibiru နဲ့ နေရဲ့ အကြားကို ရောက်ပါမယ်။ ဆန့်ကျင် ဆွဲငင်အားတွေကြောင့် ကမ္ဘာမှာ pole shifting အကြီး အကျယ် ဖြစ်ပြီး အဲဒီဖြစ်ရပ်က ကမ္ဘာကို အသစ် ပြန်လည် ဖွဲ့စည်း စေမှာပါ။ Nibiru ဟာ ကမ္ဘာလည်ပါတ်မှုနဲ့ ဆန့်ကျင်ဘက် လားရာကို လည် နေတာ ဖြစ်တဲ့ အတွက် မျက်နှာပြင် ဆွဲငင်အား က ကမ္ဘာကြီးကို ၃ရက်တိတိ လည်ပါတ်မှု ရပ်သွားစေပါမယ်။ အင်မတန်ကြီးမားတဲ့ ငလျှင်ကြီးတွေ လှုပ်မယ်၊ မြေပြန့်တွေ အစိတ်စိတ် အပိုင်းပိုင်း ကွဲထွက် ပြီး ကျောက်ရည်ပူတွေ တိုးထွက်မယ်၊ မီးတောင်တွေ နေရာအနှံ့ ပေါက်ကွဲမယ်၊ ကမ္ဘာ့လူဦးရေ သန်း ရာပေါင်း အနည်းငယ်သာ အသက်ရှင် ကျန်ပါမယ်။ အဲဒီနောက် ကမ္ဘာကြီးဟာ ဖြေးဖြေးချင်း အသစ် ပြန်လည် ဖွဲ့စည်းပါလိမ့်မယ်။ 2014 July 1 ရက်နေ့က စပြီး Nibiru ဟာ ကျနော် ကမ္ဘာ ပေါ်မှာ ဘာသက်ရောက်မှုမှ မရှိတော့ပဲ ကျနော်တို့နဲ့ ဝေးရာ စကြာဝဠာဆီကို ပြန်လည် ထွက်ခွါသွားပါလိမ့်မယ်။အပေါ်မှာ ရေးပြခဲ့တာတွေကတော့ YouTube video တွေထဲက တစ်ခုကို ဘာသာပြန်ထားတာ ဖြစ်ပါတယ်။ အရာအားလုံးသည် သင်္ခါရ ဆိုပေမဲ့ ၂၀၁၂ ဆိုတာ တော့ တော်တော် ကြီးများ စောလွန်း နေမလားလို့။ အခုစာလာ ဖတ်တဲ့ မိတ်ဆွေတွေ ရော.. ဒီကိစ္စကို ယုံလား။ paranormal.about.com မှာ အဲဒီ အကြောင်း pool လုပ်ထားတဲ့ result ကို အပေါ်ကပုံမှာ တွေ့နိုင် ပါတယ်။ ယုံကြည်တယ်၊ ဘာကြောင့်၊ မယုံ ကြည်ဘူး၊ ဘာကြောင့် ဆိုတာလေး comment ရေးပေး စေချင်ပါတယ်ဗျာ။ ကျနော့် အမြင်ကိုလည်း ပို့စ် တစ်ခုတင်ပြီး ရှင်းပေးပါ့မယ်။ ကျေးဇူး တင်ပါတယ်ဗျာ။
ဒါက ဒီဆိုဒ်က










တစ်ကမ္ဘာလုံးကစောင့်စားနေကြတဲ့သြဂုတ်လ၂၇ရက်နေ့

ကဲ...သူငယ်ချင်းတို့ရေ. ...လက်တို့ပြီးတော့ ပြောရဦးမယ် သတင်းထူးလေးကို သြဂုတ်လမှ စတင်၍ အင်္ဂါဂြိုလ်ဟာ အထွန်းလင်း အတောက်ပဆုံး ဖြစ်ပါလိမ့်မည်။ ၄င်းဂြိုလ်ဟာ ကြီးမားတောက်ပတဲ့ လတစ်စင်းပမာ အစွမ်းကုန် ထွန်းလင်း တောက်ပမှာပါ။ အဲဒါကတော့ သြဂုတ်လ 27ရက်နေ့မှာ အင်္ဂါ ဂြိုလ်ဟာကမ္ဘာနဲ့ မိုင်ပေါင်း 34.65 M miles စတင် နီးကပ်လာမှာ ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ကြေငြာထား ပါတယ်။ဒါကြောင့်27th သြဂုတ်လ12:30AMမှာ ကောင်းကင်မှာ လနှစ်စင်း ပမာ ထွန်းလင်းတာကို တွေ့မြင်ကြ ရမှာပါတဲ့။ဒီတစ်ကြိမ်မှာ မကြည့်လိုက် ရရင်တော့ အင်္ဂါဂြိုလ်ဟာ ကမ္ဘာနဲ့ နီးကပ်လာဖို့ကို နောက်နှစ် 2287ခုနှစ်ထိ စောင့်ကြရ မှာတဲ့နော့်။ ကဲသူငယ်ချင်းတို့ရေ... တစ်ယောက်နဲ့ တစ်ယောက် လက်တို့ပြီး သတင်းလေးကိုဖြန့်ဝေပေး လိုက်ပါဦး ။ကြုံတောင့်ကြုံခဲမို့လို့ပါ။ တော်နေ ဒီအကြိမ် မကြည့်လိုက် ရရင်2287 ခုနှစ်ထိကို မသေချာပဲ စောင့်စား နေရမှာ စိုးလို့နော်။ ကဲ.. နွှဲလိုက်ကြစို့... အော်..မေ့နေမှာစိုးလို့.....နေ့ရက်က 27ရက်၊ အချိန်က မနက် 12:30၊ နေရာကတော့ မိုးကောင်းကင်မှာပါ။ လနှစ်စင်းကို စောင့်ကြည့်ဖို့ မမေ့နဲ့နော်။--
source:foreverfriends

Friday, July 24, 2009

Australia နိုင်ငံသို့ ထွက်ခွာမည့် အသင်းသားမိသားစုအားနှုတ်ဆက်ခြင်း။




Pa Thang Thawn Khai (Khaitawng) @ Phuchi khai နှင့် ဇနီး Nu Man Vung @ Maw Mawi ၎င်းတို့ ၏သမီး Lia Niang San Cing တို့ သည် July,19,2009 ရက်နေ့ တွင် Australia နိုင်ငံသို့ ခြေချနေထိုင်ရန် တွက်ခွာသွားခဲ့ ရာ BCA အသင်းတော်မှ နှုတ်ဆက်ခြင်းအစီစဉ်ပြုလုပ်ခဲ့ ပါသည်။

Friday, July 17, 2009

နေ့ စဉ်ခွန်းအား (Daily bread In Myanmar language)

click here for July 19
click here for July 20
click here for July 21
click here for July 22
click here for July 23

click here for July 24

BCA News

သင်းအုပ်ဆရာခန့် အပ်ကောင်းကြီးပေးခြင်းအစီစဉ်
BCA Pastor အဖြစ်ခန့် အပ်ထားသော ဆရာ Ahphong အား license Pastor အဖြစ်ကောင်းကြီးပေးဆုတောင်းခြင်းကို Delhi, Zomi Christian Fellowship မှ Pastor Rev.G.K.Sante နှင့်Delhi ရှိ မြန်မာခရစ်ယာန်အသင်းတော် အသီးသီးမှ Pastor များဖိတ်ကြားကာ July,26,2009 (Sunday) နေ့ တွင်ကျင်းပရန်စီစဉ်လျက်ရှိပါသည်။

BCA Crusade/ Campaign ကျင်းပရေး

ယခုနှစ်အတွင်းကျင်းပရန်ဆုံးဖြစ်ထားသော BCA Crusade/Bible Campaign အတွက် USA တွင် Crusade ပြုလုပ်လျက်ရှိနေသော Rev.Dr.Khai Khan Suan အားမြန်မာပြည်အပြန်တွင် ဝင်ရောက်ပါဝင်ပေးရေးဖိတ်ကြားလျက်ရှိပါသည်။



လူကြီး Sunday School အစီစဉ်စတင်ရန်ဆုံးဖြတ်။


BCA ပုံမှန် Sunday worship service မစမီ Bible Teaching ပုံမှန်ပြုလုပ်သွားရန်စီစဉ်လျက်ရှိပြီး၊ ၎င်းကို Saya Mangpi မှ တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

Thursday, July 9, 2009

July 04, 2009 (စနေနေ့)
BCA အသင်းသား Pa Thawng Khan Mung နှင့် Nu Pau En Cing တို့၏သမီး Niang Sian Kap (၆) လသည် ၀မ်းသွား၊ အဖျားတက်ရောဂါဖြင့် 10:00 am ခန့်တွင် ဆေးရုံ၌သေဆုံးပြီး BCRC သို့ အလောင်းယူဆောင်လာသဖြင့် အသင်းတော် ၆ လပတ် ငွေစာရင်း စစ်ဆေးရန်နှင့် ကော်မတီပေါင်းစုံ ညှိနှိုင်းအစည်းအဝေးပြုလုပ်ရန် ZIC ၌ စုစည်းနေရာကြရာမှ အစီအစဉ် ဖျက်သိမ်းပြီး ဈာပနအစဉ် လုပ်ဆောင်ကြရာ 2:00 pm တွင် Neru Market ရှိ ခရစ်ယာန်သင်္ချိုင်း၌ သင်္ဂြိုဟ်ပြီးစီးပါသည်။
July 06,2009 (တနင်္လာနေ့)
အသင်းတော် ၆ လပတ် ငွေစာရင်းစစ်ဆေးခြင်းနှင့် အသင်းတော်လူကြီး၊ အမျိုးသမီးအဖွဲ့နှင့် လူငယ်အဖွဲ့ကော်မတီ ၃ ရပ် ညှိနှိုင်းအစည်းအဝေးကို 10:30 am တွင် ZIC ရုံး၌ ကျင်းပပြုလုပ်ရာ BCA အသင်းတော်၏ Pastor အဖြစ် ဆရာ Ah Phong @ W Phong အား ခန့်အပ်ရန် တညီတညွတ်တည်း သဘောတူ ဆုံးဖြတ်နိုင်ခဲ့ကြပါသည်။ ဆရာ Ah Phong အား ဘိသိက်ပေးခြင်း(Ordination ) ပြုလုပ်ရန် ဆက်လက်စီစဉ်သွားမည် ဖြစ်ပါသည်။
၎င်းအစည်းအဝေးတွင် September 14 ရက်နေ့တွင် ကျရောက်မည့် 15 နှစ်ပြည့် အသင်းတော်မွေးနေ့နှင့် ယခုနှစ်အတွင်း Bible Campain Crusade တို့ကို ကျင်းပပြုလုပ်ရန်လည်း မူအားဖြင့် သဘောတူခဲ့ကြပါသည်။ BCA လူငယ်များမှလည်း ကိုင်ပိုင်သီဆိုသော ဓမ္မတေး VCD ကို အသင်းတော်၏ 15 နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ထုတ်ဝေဖြန့်ချီသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Design By

SBSangpi

လာရောက်သူတယောက်စီတိုင်းအပေါ်မှာ ဘုရားရှင်ကောင်းကြီးပေးပါစေ။ Design by : SB Sangpi