www.bigoo.ws www.bigoo.ws www.bigoo.ws www.bigoo.ws www.bigoo.ws www.bigoo.ws www.bigoo.ws www.bigoo.ws www.bigoo.ws www.bigoo.ws www.bigoo.ws www.bigoo.ws www.bigoo.ws www.bigoo.ws www.bigoo.ws www.bigoo.ws www.bigoo.ws www.bigoo.ws

Tuesday, July 13, 2010

လဲသွားသလား။ပြန်ထဖို့ခွန်းအားရှိလား

 လဲကျသွားလား..ပြန်ထဖို့ခွန်းအားမရှိတော့ဘူးလား..ဘယ်နှစ်ကြိမ်မကလဲနေသည်ဖြစ်ပါစေ..ရှိသမျှခွန်းအားနဲ့ပြန်ထ
ပါ.အရှုံးမပေးပါနဲ့..တကြိမ်ထမရရင်..နှစ်ကြိမ်ထ..မရမခြင်းထပါ..လဲနေတဲ့အတိုင်းမနေပါနဲ့..အဆုံးဆိုတာမရှိပါဘူး
မရမခြင်းထပါ..သင့်ရဲ့အောင်မြင်ခြင်းဟာ..လက်တကမ်းမှာပါ..မိတ်ဆွေ..သင့်ရဲ့အသက်တာမှာ..တနေ့တာ..စားနိုင်
၊နေနိုင်၊ထိုင်နိုင်၊သွားနိုင်၊ကနိုင်၊ခုန်နိုင်တာတွေကို..သင့်ပြန်စဉ်းစားကြည့်ဘူးသလား.အခုလိုလူမျိုးတွေအနေနဲ့သူရဲ့
အသက်တာမှာ ဘယ်လောက်ခံစားရမလဲ၊။ မိဘရဲ့ စွန့်ပစ်ခြင်းကိုလဲ..ခံရခဲ့ပါတယ်..
ကိုယ့်ရဲ့ လှပလှတဲ့ အချိန်နဲ့ ခံစားရတဲ့ ဒီ..အရာများကို..အကျိုးရှိတဲ့ဘက်မှာ အသုံးပြုပြီး..ဘ၀ကိုတန်ဖိုးထား
တက်ပါ..ဒီအပြင်ကိုယ့်အခုလို  ကိုယ်လက်ပြည်စုံတာဘာကြောင့်လဲ.ဘုရားသခင် နိုင်ငံတော်အတွက် ကိုယ့်ဘာများပေးဆပ်နိုင်မလဲ ဒီအရာများကိုစဉ်းစားပြီး. .ဒီ Video လေးကို ခံစားနိုင်ပါတယ်..

Saturday, June 26, 2010

BCA Sunday School (Vacation Bible School)

Dear Brothers & Sisters in Christ...................,
                        
                   Thank you so much for your prayer and participation.
                   By the Grace of God we have finished our VBS (Vacation Bible School) programme smoothly.
                   It's not because of somebody is doing good, but because of God.
                   Above (150) kids are coming and joining with us.
                   God is working such a mighty way and some kids are accepting Jesus Christ as their personal Savior.
                   We are all very happy even though we were so tired.
                   It's all for the Glory of God.
                   And again i would like to thank you all for your prayers, your prayers are not going vain, it's with us.
                   God is so good to all of us. I praise God for His marvelous work.
                   May God Bless you all abandantly.

Tuesday, June 22, 2010

24,May Sunday အစီစဉ်


အခြေပြုကျမ်း Matt-5:14,Heb-10-31-38

“သင်ဟာ လောက၏ အလင်းဖြစ်တယ်”
အလင်းလင်းရင် အမှောင်ထုပျောက်သွားတယ်၊ ဒီလိုဘဲ ကိုယ်အလင်းကောင်းတဲ့အရာ စဉ်းစား၊ လုပ်ကိုင်တာနဲ့၊ ပူပင်သော၊ ကျိန်ဆဲခြင်း
ညာဉ်တွားခြင်း၊ အမှောင်ထုပျောက်သွားမှာ ဖြစ်တယ်

အလင်းဆိုတာ သူများအတွက်ကောင်းကြီးမင်္ဂလာဖြစ်သူ၊ စံနမူနာ အသက်ရှင်သူ၊
အဆိုးကိုအကောင်းဖြင့် နိုင်သူ၊ယေရှုနှင့် အမှန်တကယ်အသက်ရှင်သူများကိုခေါ်တာဖြစ်တယ်။
လူတိုင်းမှာ ယုံကြည်ချက်တခုခုပေါ်တည်ကြည်ပြီး ဘယ်လိုအခြေနေဖြစ်ပါစေ၊ ဘာခံစားမှုများရှိနေပါစေ။ ဘယ်လောက်ရှုံးနိမ့်နေပါစေ
ယုံကြည်မှုတခုပေါ် သစွာရှိရှိ တည်ကြည်ဖို့လိုတယ်
ကျမ်းစာထဲမှာ ရှာဒရက်၊မေရှက်၊အပေတနီကာ သုံးယောက်ကလဲ ဗာပုလုံဘုရင်ကြီးရှေ့မှာ
“GOD Is Able to Save Us” (ငါတို့ ဘုရားက ကယ်တင်ဖို့တက်နိုင်တယ်) မကယ်ရင်လဲ မီးအိုင်ထဲချပါဆိုပြီး ဘုရားသခင်ပေါ်
သစ္စာနှင့် ရပ်တည်ခဲ့ကြတယ်။
ဒီလိုဘဲ ဘုရားသခင်က လူတိုင်းကို ကောင်းကြီးမင်္ဂလာရသည်ဖြစ်စေ၊မရသည်ဖြစ်စေ၊ဆင်းရဲသည်ဖြစ်စေ၊
ချမ်းသာသည်ဖြစ်စေ၊အဆင်ပြေသည်ဖြစ်စေ၊မပြေသည်ဖြစ်စေ သင်ဟာအလင်းဖြစ်ဖို့ပြောထားတယ်

ဖြောင့်မတ်သောသူဟာ ယုံကြည်ခြင်းနဲ့အသက်ရှင်ရမယ်လို့ပြောထားတယ်။ ကိုယ်ယုံကြည်မှုပေါ် သစ္စာရှိပြီး အလင်းမလင်းဘဲ ရွေ့လျှောလျှင် ငါ့စိတ်ဝိညာဉ်သည် အားရနှစ်သက်ခြင်းမရှိလို့ 
ဘုရားသခင်ပြောတယ်။(Heb 10:28)
လူတိုင်းဟာ  စုံစမ်းနှောက်ယှက်ခြင်း ခံရကြတယ်။ အဲဒီအထဲမှာ သင်ဟာအလင်းဖြစ်တယ်လို့ ဘုရားပြောတယ်။ စုံစမ်းနှောက်ယှက်ခြင်း (၃)မျိုး
(Heb 10:22-24)
(1)  ကဲ့ရဲ့ညင်းဆဲခြင်း
(2)  ဆင်းရဲဝေဒနာနှင့် ဆိုင်ပြိုင်တိုက်လှန်ခြင်း။
(3)  ရသင့်တဲ့အရာမရတဲ့ ပစ္စည်ဥစ္စာ လုယူချက်ဆီးခံရခြင်း

ဒီစုံစမ်ြးုခင်းထဲမှာ ငါတို့ဟာ ယုံကြည်ခြင်းနဲ့သစ္စာရှိရှိ ရပ်တည်ရုံမက အလင်းလင်းကြဖို့ဖြစ်တယ်၊ဒီလိုနေရာကနေ ရွေ့လျှော့လျှင် ငါ့စိတ်ဝိညာဉ်အားရခြင်းမရှိလို့ ဘုရားပြောတယ်။
အခြေနေအဆင်မပြေရင်လည်း ကိုယ်ရဲ့အတွေးအခေါ်ကိုပြောင်းလဲ နိုင်ရင် ဘ၀ပြောင်းလဲနိုင်မှာဖြစ်တယ်။သင်ဟာ အလင်းဖြစ်တယ်။


သိမှတ်ဖွယ် အဆိုအမိန့်

·         ရည်မှန်းချက်ပန်းတိုင်တခုခုသေချာရွေးချယ်ပြီး အဲဒီအပေါ်သစ္စာရှိရှိကြိုးစားသွားရင် အရာရာပြောင်းလဲသွားမယ်။     ( Scott Reed )
·         ရည်မှန်းချက်ပန်းတိုင်တခုခုချနိုင်ခြင်းဟာ လမ်းတ၀က်ရောက်တာဖြစ်တယ်။ ( Abraham Lincoln )
·         မသေချာတဲ့အနာဂတ်ကို သစ္စာရှိတဲ့ဘုရားကိုယုံကြည်ကိုးစားခြင်းဖြင့် မကြောက်ဘဲနေလိုက်ပါ ( Corrine Ten Boom )
တချို့က ဆုတောင်းပြည့်ဖို့တောင်းလျှောက် အသနားခံတဲ့အချိန်မှာ အောင်မြင်သူတွေက ဘုရားသခင်ပေါ်ယုံကြည်စိတ်ချမှုရနိုင်ကြတယ်။ ဘုရားသခင်ထံအကူညီတောင်းလျှောက် အသနားခံချိန်မှာ သူတို့ကရှေ့တိုးပြီး ခြေလှမ်းဆက်လှမ်းကြတယ်။  ( Lester Sumrall )


သိမှတ်စရာသမ္မာကျမ်းစာ
·         မိမိအိမ်သားတွေကို နှောက်ယှက် (သုတ္တံ ၁၅း ၂၇)
·         လိုအင်ဆန္ဒမပြယ်နိုင်၊မရောင့်ရဲနိုင် (ဒေသနာ ၅း ၁၀၊ ဟေရှာ ၅၆း ၁၁)
·         ၀ိညာဉ်ကိုဖျက်ဆီးနိုင် (မသဲ ၁၆း ၂၆)
·         အပြစ်သို့သွေးဆောင်နိုင် (၁တိ ၆း ၁၀)


ယုံကြည်ခြင်းနှင့်ဆက်လှမ်းခြင်း
ပြီးခဲ့တဲ့ မေလဆန်းပိုင်းက Pantaloons Famine Miss India World ၂၀၁၀ မယ်ပြိုင်ပွဲကြီးမှာ Manasvi Mangai က မယ် အိန္ဒိယ crown ရသွားတယ်၊ သူမနောက်ဆုံးပြိုင်ပွဲ မယ်ရရှိဖို့မေးခံရတဲ့ မေးခွန်းရဲ့အဖြေဟာ ယုံကြည်မှုရှိဖို့ဖြစ်ကြောင်းပြောသွားပါတယ်။ သူမက ဘ၀မှာအမျိုးမျိုးခံစားဖြတ်ကျော်ခဲ့ရတယ်။ နာမည်ကျော်အောင်မြင်မှုရဲ့ နောက်ကွယ်က တကယ့်ဘ၀ဆိုတာ သင်ယူခဲ့ရတယ်လို့လဲ ပြောသွားတယ်။ ခါးသီးစွာခံစားပြီး ကြေကွဲရတဲ့အချိန်အများကြီးရှိခဲ့တယ်။ စည်းကမ်းရှိရှိလိုက်နာရတဲ့အချက်တွေ အများကြီးထဲက ကြိုးစားရုန်းကန်ရတယ်။ အရုံးပေးချင်တဲ့ အချိန်တွေ့ကြုံခဲ့ရတယ်။ အဲဒီကြားထဲကပင်လျှင် ယုံကြည်မှုအပြည့်နဲ့ ရှေ့ကိုသာမျှော်ပြီး ခြေလှမ်းလှမ်းပါ၊ တိုက်ပွဲတွေအနိုင်တိုက်ပါ၊ ဆက်သာလျှောက်ပါလို့ ကိုယ့်ကိုကိုယ်ခွန်းအားပေးပြီး ယုံကြည်မှုအပြည့်နဲ့ ဆက်သွားခဲ့လို့ အောင်မြင်မှုရရှိခဲ့ပါတယ်။ အခုတော့ ကျမတင်မက မိန်းကလေးများစွာ မက်နေတဲ့ အိပ်မက်ကို အောင်မြင်စွာဆွတ်ခူးရရှိနိုင်ပါပြီး လို့ပြောသွားခဲ့ပါတယ်။

 



Friday, June 18, 2010

ယခင်အပတ်ဒေသနာအကျဉ်း

ယခင်အပတ်ဒေသနာအကျဉ်း
Saya Zen Khan Lian


ယခင်အပတ် နုတ်ကပါတ်တော်ကို (ဧဖက် ၆း၁-၃) မှ ဝေငှသွားခဲ့ပြီး မိခင်များနှင့်ဆိုင်သောအရာများကို ကြားနာခဲ့ကြသည်။
- မိခင်တစ်ဦးရဲ့ နုတ်ထွတ်စကားများဟာ တန်ဖိုးပါသည်။
- လူသားများပင်မက၊ တိရစ္ဆာန်များတွင်ပင် မိခင်စိတ်ပြင်းထန် ကြောင်းကိုတွေ့ရသည်။

# လူတစ်ယောက်ဖွံ့ဖြိုးရန်လိုအပ်သည့် နှစ်ချက်မှာ မျိုးရိုးဗီဇနှင့် ပတ်ဝန်းကျင်ဖြစ်သည်။
- ကျနော်တို့သည် ခရစ်တော်အားဖြင့် မျိုးရိုးဗီဇ၁၀၀ရာခိုင်နှုန်းကောင်းပြီးသားဖြစ်သဖြင့် လုပ်ဆောင်ရမည့်အပိုင်းမှာ ပတ်ဝန်းကျင်ဖြစ်သည်။

မိခင် “Mother” ဆိုသည့်အဓိပ္ပါယ်မှာ
M-Manager (စီမံအုပ်ချုပ်သူ)
O-Organizer (စည်းရုံးဖွဲ့စည်းသူ)
T-Teacher (ဆရာသမား)
H-Harmony (လိုက်ရောညီထွေစွာပြုမှုတပ်မှု)
E-Example (စံနမှုနာထားရမည့်သူ)
R-Representative (ကိုယ်စားခံပုဂ္ဂိလ်)

သမ္မာကျမ်းစာလေ့လာခြင်း

Saya Mangpi

မိန်ကလေး၊မိန်းမ ဆိုတဲ့ ဘ၀ကနေမိခင်ဘ၀ရောက်တာနဲ့ ဖြစ်ချင်တဲ့ ဆန္ဒ၊ရည်မှန်းထားတဲ့ပန်းတိုင်တွေကိုရောက်ဖို့ အခက်ခဲများကိုကြိတ်မိတ်ခံပြီး သားသမီးများလူလားမြောက်ဖို့အတွက် ဘ၀ကိုဆုံးရှုံးပေးဆပ်ရတဲ့ မိဘမေတ္တာဖြစ်ပါတယ်။

မိခင်တယောက်အနေနဲ့ စိတ်၊ခန္ဓာပိုင်းဆိုင်ရာ ဖွံ့ဖြိုးပြီးလူလားမြောက်ဖို့အတွက် စိတ်ဆင်းရဲဒဏ်ခံနေရရုံသာမက၊ မိသားစုဘ၀ဖိုလုံရေးအတွက် ကြိုးစားအနှစ်နာခံရင်း ဒုက္ခမျိုးစုံခံစားနေရသည်။ ဒီလိုအခက်ခဲ ကြမ်းတမ်းတဲ့ ဒဏ်တွေကြားထဲ အပြုံးမပျက် မိခင်ပီပီသသ ရပ်တည်ကြတဲ့ မိခင်များ၏ မေတ္တာသည် အဘယ်အရာနဲ့မှနှိုင်းလို့မရတဲ့ မေတ္တာဖြစ်သည်။

မိခင်ဆိုတာဖြစ်ချင်တဲ့ ဆန္ဒ၊ပျော်ရွှင်တဲ့ဘ၀ကို စွန့်လွှတ်ပြီးကြီးမားခက်ခဲ့သည့်တာဝန်ကို ထမ်းဆောင်ရခြင်းဖြစ်သည်။


အဲသည်လို ကြီးမားတဲ့ တာဝန်ကမိခင်များကို အခြားကဏ္ဍတွေမှာ မျှော်လင့်တဲ့အတိုင်းအတာအထိ မစွမ်းဆောင်နိုင်တဲ့ အားနည်းချက်များကို ခင်ပွန်းနှင့် သားသမီးများက နားလည်း ခွင့်လွှတ်ပေးဖို့ဆိုတာ မိခင်များ၏ ဖွင့်မပြရဲသော ဆန္ဒဖြစ်သည်။

မိခင်တိုင်းက ကိုယ့်သားသမီးများကို အသက်နှစ်အမျှချစ်သော်လည်း ချစ်ခြင်းကို ဘယ်လိုပြသရမည်ဆိုတဲ့အချက်ကို မလေ့လာအရေးမစိုက်မိတဲ့အခါ သားသမီးများအပေါ်တွင် အကျိုးရလဒ်ဆိုးများ ရောက်ရှိတက်သည်။


သိမှတ်စရာသမ္မာကျမ်းစာ

ခရစ်ယာန်တစ်ယောက်ဖောက်ပြန်ခြင်းလက္ခဏာများ

၁) ဘုရားအတွက် အချိန်မပေးနိုင်ခြင်း၊ဘုရားကျောင်းတက်ဖို့ရန်ရပ်တန့်ခြင်း
၂) တစ်ဦး(သို့)အများနှင့် ဆုတောင်းရန်စိတ်မ၀င်စားခြင်း၊ကျမ်းစာဖတ်ရန်ပျင်းရိခြင်း
၃) ခရစ်ယာန်အကြောင်းပြောပြရန် စိတ်မ၀င်စားခြင်း

ရီမောစရာကဏ္ဍ

ဝတ်ပြုအစီစဉ်သို့ ဆရာမနှင့်ကလေးသူငယ်အချို့လာနေကြရာတွင် ဆရာမက”ဘာဖြစ်လို့ ဘုရားကျောင်းမှာ တိတ်တိတ်ဆိတ်ဆိတ်နေရမှာလဲသိလား” ဟုမေးလိုက်ရာ၊လိမ်မာပါးနပ်သော ကလေးတစ်ယောက်က “ဘုရားကျောင်းမှာ လူတွေ အိပ်နေတက်လို့ပါ” ဆရာမဟုတ် ဖြေလိုက်လေသည်။

Thursday, May 27, 2010

မိခင်များနေ့အစီစဉ်

ယခင်အပတ် ဒေသနာအကျဉ်း
Saya A Phong

ယခင်အပတ်ဒေသနာကို ဆာလံ ၁၂၁ မှဝေငှခွန်အားပေးသွားခဲ့ပါသည်။
#ဆာလံ ၁၂၁ သည် ယေရုရှင်လင်မြို့သို့ ဘုရားဖူးသွားသူများက သီဆိုခဲ့သည် သီချင်းတပုဒ်အနေနှင့် တွေ့ရသည်။
#(၁-၂)ဆာလံဆရာက “ငါကိုမစခြင်းအကြောင်းသည် ပေါ်ထွတ်ရသော တောင်ရိုးပ်ါသို့ ငါမျှော်ကြည့်၏” ဟုဆိုတဲ့ အခါသူသည် ဖန်းဆင်းခြင်း အရာဖြစ်သော တောင်ကို အာရုံပြုခြင်းမဟုတ်ဘဲ၊သူ့အားကောင်းကြီးပေးနေသော ဖန်းဆင်းရှင်ထာဝရဘုရားကို အာရုံပြုခြင်းဖြစ်သည်။
#ကျနော်တို့၏ အသက်တာတွင် ဒုက္ခကြုံတဲ့အခါ ဖန်ဆင်းထားတဲ့ အရာတွေထက် ဖန်ဆင်းရှင်ကို ရှေးဦးစွာ မျှော်ကြည့်ဖို့ ဘုရားရှင်အလိုရှိပါတယ်.
#ဖန်ဆင်းရှင်ကို အရင်ကိုးစားတဲ့အခါ ဘုရားသခင်က သင့်ကိုကောင်းချီးပေးဖို့ရန် ဖန်ဆင်းခြင်းအရာများကို အသုံးပြုနိုင်တယ်။
#(၃-၅)ကျနော်တို့ရဲ့ ခြေကိုစောင့်ထိန်းတဲ့ဘုရားရှင်သည် သူဘဲဖြစ်တယ်.
-နေနှင့်ည အိပ်ပျော်ငှိက်မြည်းခြင်းမရှိဘဲ ကာကွယ်ပေးသော အရှင်ဖြစ်သောကြောင့် သင်သည်ကောင်းစွာ အိပ်စက်ရသော အခွင့်ရှိတယ်။
#(၆-၈)နေ၏ပူပင်းခြင်းကြောင့်၎င်း၊လရောင်၏ရောင်ခြည်ကြောင့် ဖြစ်ပေါ်စေသည့် အိပ်မရခြင်းအိပ်မက်အတွေ့အကြုံဆိုးများမှပင် သင့်ကိုကာကွယ်မည့် အရှင်သည် ထာဝရဘုရားသခင်သာဖြစ်သည်။
သမ္မာကျမ်းစာလေ့လာခြင်း
Saya Mangpi

#ယခင်အပတ်သမ္မာကျမ်းစာလ့လာခြင်းကို ကမ္ဘာဦးကျမ်း(၁၅:၆)မှ လေ့လာခဲ့ကြသည်။
#ဘုရားသခင်ကို သိပြီးမှ ၀ိညာဉ်ရေးရာမတိုးတက်ခြင်းသည် ကျနော်တို့၏ အသက်တာမှာ ဆုံးရှုံးခြင်းဖြစ်သည်။
အာဗြံဟံ ကိုလူမျိုးတကာအတွက် ကောင်းကြီးဖြစ်စေမယ်။
သင့်အားဖြင့် လူမျိုးတွေကို ကောင်းကြီးပေးနိုင်တယ်။
ထိုကဲ့သို့ ဖြစ်လာရန် ကျနော်တို့ ဏ္ဍဘက်မှာလဲ တာဝန်ရှိတယ်။

#အာဗြာဟံ သည်သားရရှိဖို့ရန် မဖြစ်နိုင်သည့်အခြေနေတွင် ရရှိခဲ့သည်။
သို့သော် ဘုရားကပေးမယ်ဆိုတဲ့ နှုတ်ထွတ်စကားရှိခဲ့လို့ ဘုရားကအမှန်တကယ် သားကိုပေးခဲ့ပါတယ်။
ကျနော်တို့အသက်တာတွင် နှုတ်ကပတ်တော်ကို ယုံကြည်လျှက် ထိုအပေါ်မှာရပ်တည်လျှင် ဘုရားကကောင်းကြီးပေးမှာ ဖြစ်တယ်။

သိမှတ်စရာသမ္မာကျမ်းစာ
သမ္မာကျမ်းစာမှပေးသော မိခင်တာဝန်များ
မိမိသားသမီးကိုချစ်သောသူဖြစ်ရန်၊(တိတု ၂:၄-၅)
ဘုရားသခင်၏ တရားတော်များကို သင်ကြားနိုင်သောသူဖြစ်ရန် (တရား ၆း၆-၇)
သားသမီးများအား အတက်ပညာတိုးဖွားရန် ကူညီပေးပြီး၊၀ိညာဉ်ပိုင်းဆိုင်ရာ ဆုကျေးဇူးများကို ရှာဖွေတွေ့ရှိရန်
ကူညီပေးသောသူဖြစ်ရန်။(သုတ္တံ ၂၂း၆)
ဘုရားသခင်ကို ကြောက်ရွံတက်ရန်၊ချစ်ရန်၊သစ္စာရှိရန် သင်ကြားပေးသောသူ။(ဧဖက် ၆း၎၊သုတ္တံ ၂၈း၁၃-၁၄)
မိမိကိုယ်တိုင် ဘုရား၌မွေ့လျှော်၍ စံနမှုနာဖြစ်ရန်။(တရား၎း၉)



ရီမောစရာ
ကျိုးပျက်စရာပါသလား.
စေတနာကောင်းသော အမျိုးသမီးတဦးသည် ရပ်ဝေးတွင်ရှိနေသော သူမ၏အကိုအား ကျမ်းစာအုပ်ဟောင်းတအုပ်ကို ပို့ရန်စာတိုက်သို့ရောက်လာသတဲ့။ “တစ်စုံတစ်ခုကျိုးပျက်စရာ ပါသလား.” ဟု
စာတိုက်အလုပ်သမားက မေးတဲ့အခါ “ကျိုးပျက်စရာ ပညတ်တော်ဆယ်ပါးပဲ” ပါတယ်ဟု ပြန်ဖြေလိုက်တယ်။

ဒီအပတ်ဟာ မိခင်များနေ့ဖြစ်သလို၊ နိုင်ငံခြားသို့ထွတ်ခွာသွားမည့် မိသားစု၂စုကို နှုတ်ဆက်တဲ့နေဖြစ်ပါတယ်။ ဒီအပတ်ဟာ တခြားအပတ်များနှင့် မတူတဲ့ အစီစဉ်များကိုလဲ လုပ်ဆောင်သွားကြပါတယ်..အမျိုးသမီးအဖွဲ့မှ
Mission Hospital ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြဇာတ်ကိုလဲ ပြုလုပ်ခဲ့ပါတယ်၊ ဒီအပြင် မိခင်များနေ့ အထူးအစီစဉ်အနေနဲ့ မိခင်များက ကိုယ့်သားသမီးများပေါ်မှာ လက်တင်ဆုတောင်းပေးခြင်း၊မိမိ၏ မိခင်မရှိသောသူများ၊မိခင်ခေါ်တော်မှုခြင်းခံရသော သားသမီးများမှာလဲ သားသမီးများမရှိသောမိခင်များမှ လက်တင်ဆုတောင်းပေးကာ အပြန်အလှန် မျက်ရည်ကျလောက်အောင် သန့်ရှင်းသော ၀ိညာဉ်တော်အလုပ်လုပ်ခဲ့ပါတယ်.

Sunday, May 2, 2010

မိခင်များနေ့ အကြို..

သူငယ်ချင်းတို.ရေ ဒီနေ.ဟာကမာဘ.အမေများနေ.ပေါ့။
ဒါကြောင့်ဒီနေ.တို.မိခင်တွေကို

စိတ်ချမ်းသာအောင်ထားကြရအောင်လို......................................
စေတနာများဖြင်.

စံပီး

















M = Motivator
O = Only
T = Truelove
H = Heartiest
E = Exceptional
R = Responsible

M = Million thing she gave we
O = She is growing old
T = Tear she shed to save we
H = Heart of purest gold
E = Her Eyes , with love , Light shinning
R = Right , and right she`ll always be

တကယ်တော့ နေ့တိုင်း နေ့တိုင်းမှာ ရှည်လျားတဲ့ သမိုင်းကြောင်း ရှိပါတယ်။ ရာစုနှစ်နဲ့ ချီပြီး ရှည်လျားတဲ့ သမိုင်းကြောင်းဟာ ရှေ့ဟောင်း ဂရိခေတ်က စတယ်လို့ဆိုပါတယ်။ နတ်ဘုရားများရဲ့ မယ်တော်ရီ ဟာ (ျွ့နေ ) ၊ အား ဂုဏ်ပြုပွဲကို ဂရိတွေက ကျင်းပကြတယ်။ ရှေးတုန်းက ခရစ်ယာန်တွေက မယ်တော်မာရီ (မြေပ) ၊ ကို ဂုဏ်ပြုဖို့ ၀ါတွင်းကာလရဲ့ စတုတ္တမြောက် တနင်္ဂနွေနေ့မှာ မယ်တော်ပွဲကို ကျင်းပကြတယ်။ စိတ်ဝင်စားဖို့ ကောင်းတာကတော့ နောက်ပိုင်းမှာ ဘာသာရေးဂိုဏ်း တစ်ဂိုဏ်းကနေပြီးတော့ အဲ့ဒီနေ့မှာ အမေအားလုံးကို ပါဝင် စေခဲ့တာပဲ။ နေ့ကိုလည်း အမေများရဲ့ တနင်္ဂနွေလို့ မှည့်ခေါ်ခဲ့ကြတယ်။ အမေရိကမှာ အခြေစိုက်တဲ့ အင်္ဂလိပ်ကိုလိုနီတွေကတော့ အချိန်မရကြလို့ အချိန်မရကြလို့ အဲဒီအစဉ်အလာကို မလိုက်နာနိင်ကြပါဘူး။ ၁၈၇၂ ခုနှစ်မှာ ဂျုလီယက်ဝပ်ဒ်ဟိုဝီဟာ ငြိမ်းချမ်းရေးကို ရည်ညွှန်းပြီး အမေများနေ့အတွက် နေ့တစ်နေ့ကို ကျင်းပ ကြပါတယ်။ ဒါဟာ အမေ့နေ့ရဲ့ သမိုင်းမှာ မှတ်တိုင် တစ်ခုပါ။

၁၉၀၇ ခုနှစ်မှာ ဖီလာဒီယ်လ်ဖီးယားကျောင်း ဆရာမ တစ်ဦးဖြစ်တဲ့ အင်နာအမ်ယာဗစ်က သူ့မိခင်ကို ဂုဏ်ပြုပြီး နိင်ငံတော်အဆင့် အမေနေ့သက်မှတ်ရေးကို လှုပ်ရှားခဲ့ပါတယ်။ ရာချီတဲ့ ဥပဒေပြု လွှတ်တော် အမတ်တွေနဲ့ ထင်ရှားတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အကူအညီကို ရယူပြီး ပထမဆုံး အမေနေ့ကို သူ့မိခင်ကို ဂုဏ်ပြုပြီး ဘုရားကျောင်းမှာ ကျင်းပနိင်ခဲ့ပါတယ်။ အင်နာဟာ သူ့အမေ အကြိုက် ကာနေရှင်းပန်းတွေ ဘုရာကျောင်းမှာ ဝေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီပန်းဟာ ချိုမြိန်ခြင်း ၊ သန့်ရှင်းစင်ကြယ်ခြင်း နှင့် စိတ်ရှည် သည်းခံခြင်းတို့ကို ကိုယ်စားပြုလို့ပါ။ သူ့ရဲ့ ကြိုးပမ်းမှုကြောင့် ၁၉၁၄ ခုနှစ်မှာ အမေရိကန် သမ္မတကြီး ၀ုဒ်ဒရိုးဝီလ်ဆင်ဟာ မေလရဲ့ ဒုတိယအပတ် တနင်္ဂနွေနေ့ကို နိင်ငံတော် အားလပ်ရက်အဖြစ် ကြေငြာ ပေးခဲ့ပါတယ် ။ တဖြည်းဖြည်း တရွှေ့ရွှေ့နဲ့ အမေများနေ့ဟာ ပိုမိုထင်ရှားလာခဲ့သလို လက်ဆောင်ပေးတဲ့ လုပ်ရှားမှုတွေဟာလည်း တိုးပွားလာကြပြီး စီးပွားရေးအရ လုပ်စားလာကြလို့ အင်နာဟာ အလွန်အမင်း ဒေါသထွက်ခဲ့ရပါတယ်။ အင်နာ ဘယ်လိုပဲ သဘောထားထား အမေများနေ့ဟာ အမေရိကမှာ ထွန်းကား လာရုံသာမက ကမ္ဘာတစ်ဝှမ်းလုံးမှာတောင် ပြန့်နှံခဲ့ပါတယ် ။

ကျင်းပတဲ့ ရက်တွေသာ ကွဲလွဲကြပေမယ့် ဒိန်းမတ် ၊ ဖင်လန် ၊ တူရကီ ၊ အီတလီ ၊ သြစတြေးလျ နဲ့ ဘယ်လ်ဂျီယံ စတဲ့ နိင်ငံတွေမှာတော့ မေလရဲ့ ဒုတိယအပတ် တနင်္ဂနွေနေ့ကိုပဲ အမေများနေ့ အဖြစ် ကျင်းပကြပါတယ်တဲ့ ။

အမေနှင့်ပတ်သက်၍ နိင်ငံတကာ အခေါ်အဝေါ်တွေကတော့

ပြင်သစ် - မဲ
ဂျာမန် - မတ်တာ
ရုရှား - မှက်ခ်ျ
ဟိန္ဒီူ - မာဂျီ
အင်္ဂလိပ် - မာမီ
အီတလီ - မက်ဒါ
ဆားဘီးယား - မက်ဂ်ျကာ
ဒက်ခ်ျ - မိုအာ
အက်စတိုးနီးယား - အမ်မာ
ဂရိ - မာနာ
ဟာဝိုင်ယီ- မာယူယာဟိုင်း
ဟန်ဂေရီယား - အင်နာ ၊ ဖူ
အင်ဒိုနီးရှား - အင်ဒု(က်) ၊ အီဘူ ၊ ညိုကက်
မြန်မာ - အမေ ၊ မေမေး)

အထက်ပါ စာတွေကတော့ ကျွန်တော်ရေးတာ မဟုတ်ပါဘူး။ ပေါ်ပြူလာမြန်မာကနေ ဖတ်မိတာလေးကို ရေးထားတာပါ။ အသေးစိတ် သိချင်ရင် ဒီနေရာ လေးကနေ သွားရောက် ဖတ်ရှု့နိင်ပါတယ်။ အားလုံးပဲ မုန်းတိုင်းဒဏ်ကြောင့် ၀မ်းနည်းနေမယ်ဆိုတာ သိပေမယ့် အမေများနေ့မှာ ၀မ်းနည်းစွာနဲ့ မုန်းတိုင်းထဲမှာ ပါသွားတဲ့ အမေတွေရော ၊ အသက်ရှင် ကျန်ရစ်ခဲ့တဲ့ အမေတွေအားလုံးကိုရော ဒီပို့စ်လေးကနေ ကန်တော့အပ်ပါသည်။ အမေ.......

April 25,2010 တရားဟောချက်

 ယခင်အပါတ်ဒေသနာအကျဉ်း
                                                   Saya Tai Sawn Lian


♥ Peter ၃း၁၇ မှ ( ပြည့်စုံသော ဘုရားရဲ့အလိုတော်ကို နာခံခြင်း) ဟူသောခေါင်းစဉ်ဖြင့် ဝေငှသွားခဲ့ပါသည်၊

♥ ကျနော်တို့ လူသားတိုင်းသည် ကိုယ့်အလိုကိုလိုက်ပြီး အသက်ရှင်  တတ်ကြပါတယ်။

-    ဘုရားက မြစ်တားတဲ့အရာ။ ဘုရားအလိုမရှိတဲ့အရာကို လုပ်မိရင် ဒုက္ခရောက်တတ်တယ်၊

♥ အခြေအနေက ပေးသော်လည်း ဘုရားအလိုတော်မရှိတဲ့အရာကို
             လုပ်မိရင် ကျနော်တို့အတွက် အန္တာရယ်များ-

   
-     ဒါဝိဒ်သည် ရှောလုမင်းကြီးကို သတ်ဖို့ရန် အခြေအနေ
                   ပေးသော်လည်း မသတ်ခဲ့ပေ၊   

-    ကျနော်တိုဏ္ဍအားလုံးရဲ့ အသက်တာမှာ ရူပါရုံ ရှိတယ်၊ သို့သော် အဲဒီကိုလျှောက်တဲ့အခါ လမ်းမမှားဖို့၊ ဖြတ်လမ်းမသုံးဖို့ အရေးကြီးတယ်၊

-    ဖြတ်လမ်းကို မသုံးပါနှင့်

-    ပေါလုနှင့် သိလတို့သည် ထောင်တံခါးများပွင့်ပြီး ထွက်ပြေး ဖို့အခွင့်ကြုံသော်လည်း မထွက်သွားခဲ့ပေ၊ အဲဒီအကျိုးဆက် ကြောင့် ထောင်မှူးနှင့် သူ့အိမ်သူသားများ ကယ်တင်ခြင်းရခဲ့သည်၊

သမ္မာကျမ်းစာလေ့လာခြင်း
Saya Mangpi

♥ယခင်အပါတ် သမ္မာကျမ်းစာလေ့လာခြင့်း မာကု ၆း ၄၅ မှ 
   လေ့လာခဲ့ကြသည်၊

♥ ကျနော်တို့ရဲ့အသက်တာတွင် ဘုရားစကားကို နာခံ လိုက်တာနှင့်
    ကောင်းကြီးမင်္ဂလာရမည်ဟု ခံယူတတ်ကြသည်၊

♥ ခရစ်တော်.စကားကိုနာခံပြီး တပြည့်တော်များသည် ကမ်းတဖက်
   သို့ ကူးစဉ်တွင် လေပြင်းမုန်တိုင်းနှင့် တွေ့သည်၊

♥ဘုရားသခင်သည် အရာခပ်သိမ်းကို တတ်စွမ်းနိုင်သောဘုရား
   ဖြစ်တယ်ဆိုတာကို ယုံကြည်စွဲကိုင်းသည့်အခါ ကျနော်တို့သည်
   အောင်မြင်ခြင်း။ ဆုံးရှုံးခြင်း ဆိုသည့်အရာများအပေါ်မှာ ရပ်တည်
   တော့မည်မဟုတ်ပါ၊


♥ ဘုရားသခင်အလိုရှိသောအရာမှာ အောင်မြင်မှု။ ရှုံးနှိမ့်မှုများ
   ရှိနေတဲ့အချိန်မှာပင် သူနဲ့အမြဲ နီးကပ်ဖို့ရန်ဖြစ်တယ်၊ 

 ရီမောစရာ
ကောင်းကင်ဘုံအကြောင်းကို သင်ကြားပေးပြီးနောက် Sunday School
      ဆရာမသည် ကလေးငယ်များအား “ ကဲ ကလေးတို့    အခုဘယ်သူတွေက ကောင်းကင်ဘုံကိုရောက်ချင်သလဲ ” ဟုမေးလိုက်
    ရာ ကောင်မလေးတစ်ယောက်မှ လွဲအားလုံးက လက်ထောင်ကြလေတယ်။  
                            ကောင်မလေးက “ ကျမစိတ်မကောင်းပါဘူး ကျမ မလိုက်နိုင်
                      သေးဘူး။ အမေက Sunday School ပြီးရင် အိမ်ကို ချက်ချင်းပြန်ခဲ့
                                                    လို့ပြောတယ် ”

Sunday, April 4, 2010

ယခင်အပတ် ဒေသနာအကျဉ်း


ယခင်အပတ် ဒေသနာအကျဉ်း

ယခင်အပတ်တွင် တရားဒေသနာကို ဆရာ SB Zen Khan Lian မှ ရှင်မသဲ ၆း ၃၃-၃၄ ထဲက ဝေငှ ခွန်အားပေးသွားခဲ့သည်။

ကျနော်တို့ အသက်တာတွင် အရင်ဦးစားပေး၍ လုပ်ဆောင်ရမည့်အရာများရှိပါတယ်။

*ယုံကြည်သူများအနေဖြင့် အရင်ဦးစားပေးလုပ်ဆောင်ဖို့ လိုအပ်သည့်အရာမှာ ”ဘုရားသခင်ရဲ့ နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်း” ဦးစွာရှာရန် ဖြစ်ပါသည်။

*ငွေရေးကြေးရေး၊ ပျော်ရွင်မှုတွေကို ဦးစွာမရှာပဲ ဘုရားကို ဦးစွာရှာဖို့ လိုတယ်။ဘုရားသခင်ကို ဦးစီးပေးပြီးတဲ့နောက်မှာ စီးပွါးရှာသင့်တယ်။

- ဘုရားသခင်က ကျနော်တို့ အယောက်တိုင်း

- ကောင်းကြီးခံစားရန် အလိုရှိသည်။

- တတိယအနေဖြင့် စိတ်ကျန်းမာမှုအတွက် လုပ်ဆောင်သင့်သည်။

ကျနော်တို့၏အသက်တာတွင် လူမှုရေးလုပ်ဆောင်ဖို့ရန်လည်း အရေးကြီးပါတယ်။ - ဘုရားအတွက် လုပ်ဆောင်ရင်း လိုအပ်နေသူများအတွက် အကူအညီပေးဖို့ လည်းလိုတယ်။



Friday, April 2, 2010

ယခင်အပါတ် ဒေသနာအကျဉ်း

ယခင်အပါတ် ဒေသနာအကျဉ်း

ယခင်အပါတ်တွင် တရားဒေသနာကို ဆရာThang Boi မှခွန်အားပေးဝေငှသွားခဲ့ရာ ရှင်မသဲခရစ်ဝင် ၈း၃၅-၃၇ မှ "စည်းစိမ်း၌ အသက်မတည်" ဟူသောခေါင်းစဉ်ဖြင့် ခွန်အားပေးတိုက်တွန်းသွားခဲ့ပါသည်။

*ကျွန်တို့၏အသက်ဝိညဉ်ဆုံးရှုံးလျှင် ပစ္စည်းဥစ္စာ မည်မျှပင်ရှိသော်လည်း အကျိုးမရှိ အချည်းနှီးပင်ဖြစ်သည်။

*လောက၌ စည်းစိမ်းအပြည့် ပျော်ပါးသော သူဌေးကြီး၏အသက်တာ တွင် အဆုံး၌ထာဝရ ငရဲ၌ လမ်းဆုံးသွားရသည်။

*ကျနော်တို့  ယောက်တိုင်းစီသည် အနာဂါတ် စိတ်ချမှုရှိရန် ပြင်ဆင်ထားဖို့ ရန်ဖြစ်တယ်။

*ထာဝရ အသက်ပေးပိုင်းသောသူသည် ခရစ်တော်တစ်ပါးသာ ဖြစ်သည်။


ရယ်မောစရာ
(တာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏)

တစ်ခါတုန်းက Sunday School ဆရာမတယောက်က သူမ၏ Sunday School ဒုတိယတန်း ကလေးငယ်များအား (ဆာလံ ၂၃) ကို အလွတ်ကျက်ခိုင်းလေ၏ အလွတ်ကျက်ရန် အချိန်တစ်လပေးလေ၏ ဒီလိုနှင့် ကလေးငယ်များသည် (ဆာလံ ၂၃) စကျက်လေတော့သည်။ ကောင်လေးငယ် တစ်ယောက်သည် အလွန်စိတ်လှုပ်ရှားပြီး (ဆာလံ ၂၃) အားကြိုးစား၍ စတင်ကျက်မှတ်တော့သည်။ သို့သော် သူသည် အလွတ်ကျက်မှတ်ရန်အတွက် အလွန်အခက်တွေ့နေရှာသည်။ အကြိမ်ကြိမ်ကြိုးစားသော်လည်း ပထမလိုင်းမှမကျော် နိုင်ပဲဖြစ်နေသည်။ ဒီလိုနှင့် ပြိုင်ပွဲဝင်မည့်ရက်ရောက်လာပြီး လူထုပရိတ်သတ်ရှေ့တွင် ကျက်မှတ်ရန်သူ့အလှည့်ကျလာသောအခါ ကောင်လေးသည် စင်ပေါ်သို့  မ၀ံ့မရဲ တက်လာပြီး မိုက်နားကပ်ကာ ၀ါကြွားစွာဖြင့် ရွတ်ဆိုလိုက်တာကတော့ "ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ အဲဒါပဲ ငါသိဖို့ လိုအပ်တယ်" ဟုဆိုလေသတည်း။

Friday, March 26, 2010

BCA အသင်းတော်၏ ဒေသနာအကျဉ်း

Saya Ah Phong

ယခင်အပတ်တွင် တရားဒေသနာကို ဆရာAh Phong ဝေငှသွားရာ၌ မသဲ၂၅း၃၁-၄၆ မှ ခွန်အားပေးသွားခဲ့သည်။
* မျက်မြင်ရသော သူများကိုပြုစုခြင်း၊ မြင်ရသောအရာအတွက် လုပ်ဆောင်ခြင်းသည် မမြင်ရသော ခရစ်တော်အတွက် ပြုစုခြင်း၊ လုပ်ဆောင်ပေးခြင်းဖြစ်သည်။
* ယေရှုက" ဆာမွတ်နေသော သူုများကို ကျွေးမွေးပြုစုခြင်းသည် ငါ့အကျွေးမွေးခြင်းဖြစ်တယ်" လို့ ပြောပါတယ်။ (မသဲ ၂၅း၃၅)
* ခရစ်တော်သည် ဆာငတ်နေသော သူများကို အတွက်ဖြစ်တယ်လို့ ဆိုပါတယ်။.
အငယ်ဆုံးသောသူအတွက် သင်ပေးသော ရေတစ်ခွတ်ပင် ဘုရားရှင်မှတ်သားထားပါတယ်။(မသဲ ၂၅း၃၅)
* ဘုရားရှင်သည် ကျနော်တို့ အား ဧည်သည်ဝတ်ကိုပြုစဉ်တွင် ညည်းတွားခြင်းမရှိပဲ ပြုလုပ်ရန် အလိုရှိတယ်။
အဘယ်ကြောင့်ဆိုသော် ကောင်းကင်တမန်များကို အမှတ်တမဲ့ ဧည်ခံမိမှာ ဖြစ်သည်။
* အ၀တ်အချည်းအစည်းရှိသော သူကို အ၀တ်ပေးကမ်းခြင်းသည် ဘုရားရှင်အလိုတော်ရှိသော အရာဖြစ်တယ်။
* ဖျားနာသူနှင့် ထောင်ကျနေသောသူများကို ကြည့်ရှုပြုစုခြင်းကို ခရစ်တော်က ငါ့အတွက်ပြုကြပြီလို့ ဆို။

"သိမှတ်စရာ သမ္မာကျမ်းစာ"


၁။ သမ္မာကျမ်းစာတွင် ဘုရားရှင်က ပေးထားသော ကတိတော် ပေါင်း(၁၂၆၀)ချက်ပါရှိသည်။
၂၊ သမ္မာကျမ်းစာတွင် ကျနော်တို့ ကိုပေးထားသော အမိန့် တော်ပေါင်း (၆၄၆၈) ခုပါရှိသည်။
၃။ သမ္မာကျမ်းစာတွင် ဘုရားရှင်က ကျနော်တို့ကိုမေးထားသော မေးခွန်းပေါင်း (၃၂၉၄) ခုပါရှိသည်။




ရယ်မောစရာ
ဗစ်ခါဆိုသူတစ်ဦး၏ သားလေး ယောနသန်က သူ့အဖေအား "အဖေ တနင်္ဂနွေမနက်တိုင်း တရားဟောစဉ်ကို အဖေတက်တဲ့အခါ ခေါင်းခဏငုံ့တာကို သတိထားမိတယ်။ အဲဒါဘာလုပ်တာလဲ " ဟု မေးသတဲ့။ ဒါနဲ့  ဖခင်က " ဘုရားသခင်က ဒေသနာကောင်းကောင်း ပေးဖို့ ဆုတောင်းတာ" လို့ ပြန်ပြောတဲ့ အခါ ယောနသန်က " ဒါဆိုဘာလို့ ဆုတောင်းတာ မပေးသလဲ" ဟုပြန်မေးသတဲ့။

Monday, February 1, 2010

BCA အသင်းတော်ကော်မတီအသစ်

အသင်းတော်ကော်မတီအသစ်ရွေးချယ်သောခဲ့ရသောသူများမှာအောက်ပါအတိုင်းဖြစ်ပါသည်။

အသင်းတော်ကော်မတီ
ဥက္ကဌ Rev. Do Khan Langh
ဒုဥက္ကဌ Rev. San Kip Thawng
အတွင်းရေးမှူး Pa Thang A
တွဲဖက်အတွင်းရေးမှူး Pa Lun Tin Sat
ဘဏ္ဍာရေးမှူး Tg. Khoi Tuang
စာရင်းကိုင် Pa Peter Tuang
စာရင်းစစ် Pa Kima
အဖွဲ့ ဝင် Pa Kap Pi
အဖွဲ့ ဝင် Tg.Mangpi

အမျိုးသမီးကော်မတီ
ဥက္ကဌ Daw Engi
ဒုဥက္ကဌ Daw Nu Niang
အတွင်းရေးမှူး Daw Ninze
တွဲဖက်အတွင်းရေးမှူး Daw San Lun
ဘဏ္ဍာရေးမှူး Daw Than Than
စာရင်းကိုင် Ma Nangbe
စာရင်းစစ် Daw Kimcha
အဖွဲ့ဝင် Daw Nu Niang
အဖွဲ့ဝင် Daw Mayram


လူငယ်ကော်မတီ
ဥက္ကဌ Ko Peram
ဒုဥက္ကဌ Ko Thang Tawng
အတွင်းရေးမှူး Syama Hua
တွဲဖက်အတွင်းရေးမှူး Ko Dee Jung
ဘဏ္ဍာရေးမှူး Syama Vungno
စာရင်းကိုင် Syama Ciinta
စာရင်းစစ် Ko Thangsen
အဖွဲ့ဝင်(music) Ko Thang Pi
အဖွဲ့ဝင်(music) Ko Cin Lian

ဇန်န၀ါရီ ၃၁ရက် Sunday တွင် တာဝန်လွဲပြောင်းလက်ခံခြင်းနှင့် ဆက်ကပ်ဆုတောင်းပေးခြင်းပြုလုပ်ပါသည်.။

၂၀၁၀ပြည့် နှစ်ကော်မတီအသစ်ရွေးချယ်တင်မြောက်ပွဲကျင်းပခြင်း။

၂၀၀၉ခုနစ် BCA အသင်းတော် နှစ်ပတ်လည်အစည်းဝေးနှင့် ၂၀၁၀ပြည့် နှစ်ကော်မတီအသစ်ရွေးချယ်တင်မြောက်ပွဲကျင်းပခြင်း။


မြန်မ့ာရိပ်သာခန်းမ BCRC Hall တွင် ဇန်န၀ါရီလ၁၇ရက် Sunday နေ့တွင် ကျင်းပပြုလုပ်ရာ Pastor W.Phong@Aphong မှာ တရားဒေသနာဟောကြားခြင်း၊ ဥက္ကဌ Pu Tawng Do Cin မှ အမှာစကားပြောကြားခြင်း၊ အတွင်းရေးမှူး SB.Zen Khan Lian မှ တစ်နှစ်တာလုပ်ငန်းအစီရင်ခံစာတင်သွင်းခြင်း၊ စာရင်းကိုင် Ko Thang A မှ ဘဏ္ဍာရေးရှင်းတမ်းဖတ်ကြားခြင်းတို့ကို ပြုလုပ်ပြီး အမျိုးသမီးကော်မတီ၊လူငယ်ကော်မတီ နှင့် Sunday School အဖွဲ့ တို့မှလည်း အသီးသီးအထက်ပါအတိုင်း တင်သွင်းကြပါသည်။

Pastor W.Phong@Aphong

ဥက္ကဌ Pu Tawng Do Cin

အတွင်းရေးမှူး SB.Zen Khan Lian

စာရင်းကိုင် Ko Thang A

အမျိုးသမီးအတွင်းရေးမှူး Daw NinZi

လူငယ်အတွင်းရေးမှူး Ko Mangpi

Monday, January 4, 2010

BCA Christmas and New Year





















BCA Christmas
BCA Christmas ကို 24ရက်နေ့ ည 9နာရီမှ စတင်ကာ ည12အထိ ၀တ်ပြုကိုးကွယ်ခြင်းအစီစဉ်ကို ကျင်းပါခဲ့ပါတယ်.ဒီအစီစဉ်မှာ BCA လူငယ်များမှ ပြဇာတ်သရုပ်ဖော်ခြင်း နှင့် Sir Rev. Do Khan Langh မှ တရားဒေသနာကို ဟောပြောတိုက်ကျွေးခဲ့ပါတယ်....အစီစဉ်ပြီးမှာ...ကြက်သားဆန်ပြုတ်နှင့်အသင်းတော်မှ တိုက်ကျွေးခဲ့ပါတယ်..

BCA Christmas
BCA Christmas 25ရက်နေ့ မှာတော့ မနက် 11နာရီမှ စတင်ကာ ညနေ 5 အထိ ၀တ်ပြုကိုးကွယ်ခြင်းအစီစဉ်ကို ကျင်းပါခဲ့ပါတယ်...ဒီအစီစဉ်မှာ BCA အသင်းတော်လူကြီးများမှ ပထမပိုင်းအစီစဉ်ကို တာဝန်ယူပြီး.. တရားဒေသနာကို ဧည့်သည်ဆရာ Rev.Dr. Shwe Kye မှ ဟောကြားခဲ့ပါတယ်...အစီစဉ်ပြီးမှာ အမဲသားဟင်း နှင့် ထမင်း..ဖြင့် ဧည့်ပရိတ်သိတ်များကို ကျွေးမွေး..ခဲ့ပါတယ်....

BCA New Year

BCA New Year အကြို ဒီဇင်ဘာ31ရက်နေ့ ည 9နာရီမှ စတင်ကာ ည12အထိ ၀တ်ပြုကိုးကွယ်ခြင်းအစီစဉ်ကို ကျင်းပါခဲ့ပါတယ်.ဒီအစီစဉ်မှာ BCA လူငယ်များမှ ပြဇာတ်သရုပ်ဖော်ခြင်း နှင့် အသင်းတော်အတွင်းရေးမှူး SB Zen Khan Lian မှ တရားဒေသနာကို ဟောကြားရာမှာ အောင်မြင်သော ခရစ်ယာန်တစ်ယောက်ဖြစ်ရန် အချိန်ကို တန်းဖိုးထားရန်၊ မိုင်အပိုသွားရန်နှင့် မိမိအပေါ်မှ ပြုစေလိုသည့်အတိုင်း သူတပါးအပေါ် ပြုရန် ဆိုတဲ့  နှစ်သစ်လက်ဆောင်ဖြစ်ပါတယ်... ....အစီစဉ်ပြီးမှာလဲ...ကြက်သားဆန်ပြုတ်နှင့် အသင်းတော်လူကြီး U Mungpi တို့  မိသားစုမှ တိုက်ကျွေးခဲ့ပါတယ်..


BCA New Year
BCA New Year ဇန်န၀ါရီ1ရက်နေ့ မှာတော့ မနက် 11နာရီမှ စတင်ကာ ညနေ 2နာရီ အထိ ၀တ်ပြုကိုးကွယ်ခြင်းအစီစဉ်ကို ကျင်းပါခဲ့ပါတယ်...ဒီအစီစဉ်မှာ .. တရားဒေသနာကို ဧည့်သည်ဆရာ မှ ဟောကြားခဲ့ပါတယ်...ဒီအစီစဉ်မှာ အသင်းတော်မှ အသက်ကြီးအသင်းသူအသင်းသားများနှင့် SundaySchool ဆရာ၊ဆရာမ များ၊ အသင်းတော်မှ အမှုတော်ဆောင်များကို နှစ်သစ်လက်ဆောင်ပေးခြင်း အစီစဉ်များ..ပြုလုပ်ခဲ့ပါတယ်...ဒီအစီစဉ်အပြီးမှာ လဖက်ရည်နှင့် ပဲပလာ..ကို တိုက်ကျွေးဧည့်ခံခဲ့ပါတယ်...

Design By

SBSangpi

လာရောက်သူတယောက်စီတိုင်းအပေါ်မှာ ဘုရားရှင်ကောင်းကြီးပေးပါစေ။ Design by : SB Sangpi