www.bigoo.ws www.bigoo.ws www.bigoo.ws www.bigoo.ws www.bigoo.ws www.bigoo.ws www.bigoo.ws www.bigoo.ws www.bigoo.ws www.bigoo.ws www.bigoo.ws www.bigoo.ws www.bigoo.ws www.bigoo.ws www.bigoo.ws www.bigoo.ws www.bigoo.ws www.bigoo.ws

Thursday, May 27, 2010

မိခင်များနေ့အစီစဉ်

ယခင်အပတ် ဒေသနာအကျဉ်း
Saya A Phong

ယခင်အပတ်ဒေသနာကို ဆာလံ ၁၂၁ မှဝေငှခွန်အားပေးသွားခဲ့ပါသည်။
#ဆာလံ ၁၂၁ သည် ယေရုရှင်လင်မြို့သို့ ဘုရားဖူးသွားသူများက သီဆိုခဲ့သည် သီချင်းတပုဒ်အနေနှင့် တွေ့ရသည်။
#(၁-၂)ဆာလံဆရာက “ငါကိုမစခြင်းအကြောင်းသည် ပေါ်ထွတ်ရသော တောင်ရိုးပ်ါသို့ ငါမျှော်ကြည့်၏” ဟုဆိုတဲ့ အခါသူသည် ဖန်းဆင်းခြင်း အရာဖြစ်သော တောင်ကို အာရုံပြုခြင်းမဟုတ်ဘဲ၊သူ့အားကောင်းကြီးပေးနေသော ဖန်းဆင်းရှင်ထာဝရဘုရားကို အာရုံပြုခြင်းဖြစ်သည်။
#ကျနော်တို့၏ အသက်တာတွင် ဒုက္ခကြုံတဲ့အခါ ဖန်ဆင်းထားတဲ့ အရာတွေထက် ဖန်ဆင်းရှင်ကို ရှေးဦးစွာ မျှော်ကြည့်ဖို့ ဘုရားရှင်အလိုရှိပါတယ်.
#ဖန်ဆင်းရှင်ကို အရင်ကိုးစားတဲ့အခါ ဘုရားသခင်က သင့်ကိုကောင်းချီးပေးဖို့ရန် ဖန်ဆင်းခြင်းအရာများကို အသုံးပြုနိုင်တယ်။
#(၃-၅)ကျနော်တို့ရဲ့ ခြေကိုစောင့်ထိန်းတဲ့ဘုရားရှင်သည် သူဘဲဖြစ်တယ်.
-နေနှင့်ည အိပ်ပျော်ငှိက်မြည်းခြင်းမရှိဘဲ ကာကွယ်ပေးသော အရှင်ဖြစ်သောကြောင့် သင်သည်ကောင်းစွာ အိပ်စက်ရသော အခွင့်ရှိတယ်။
#(၆-၈)နေ၏ပူပင်းခြင်းကြောင့်၎င်း၊လရောင်၏ရောင်ခြည်ကြောင့် ဖြစ်ပေါ်စေသည့် အိပ်မရခြင်းအိပ်မက်အတွေ့အကြုံဆိုးများမှပင် သင့်ကိုကာကွယ်မည့် အရှင်သည် ထာဝရဘုရားသခင်သာဖြစ်သည်။
သမ္မာကျမ်းစာလေ့လာခြင်း
Saya Mangpi

#ယခင်အပတ်သမ္မာကျမ်းစာလ့လာခြင်းကို ကမ္ဘာဦးကျမ်း(၁၅:၆)မှ လေ့လာခဲ့ကြသည်။
#ဘုရားသခင်ကို သိပြီးမှ ၀ိညာဉ်ရေးရာမတိုးတက်ခြင်းသည် ကျနော်တို့၏ အသက်တာမှာ ဆုံးရှုံးခြင်းဖြစ်သည်။
အာဗြံဟံ ကိုလူမျိုးတကာအတွက် ကောင်းကြီးဖြစ်စေမယ်။
သင့်အားဖြင့် လူမျိုးတွေကို ကောင်းကြီးပေးနိုင်တယ်။
ထိုကဲ့သို့ ဖြစ်လာရန် ကျနော်တို့ ဏ္ဍဘက်မှာလဲ တာဝန်ရှိတယ်။

#အာဗြာဟံ သည်သားရရှိဖို့ရန် မဖြစ်နိုင်သည့်အခြေနေတွင် ရရှိခဲ့သည်။
သို့သော် ဘုရားကပေးမယ်ဆိုတဲ့ နှုတ်ထွတ်စကားရှိခဲ့လို့ ဘုရားကအမှန်တကယ် သားကိုပေးခဲ့ပါတယ်။
ကျနော်တို့အသက်တာတွင် နှုတ်ကပတ်တော်ကို ယုံကြည်လျှက် ထိုအပေါ်မှာရပ်တည်လျှင် ဘုရားကကောင်းကြီးပေးမှာ ဖြစ်တယ်။

သိမှတ်စရာသမ္မာကျမ်းစာ
သမ္မာကျမ်းစာမှပေးသော မိခင်တာဝန်များ
မိမိသားသမီးကိုချစ်သောသူဖြစ်ရန်၊(တိတု ၂:၄-၅)
ဘုရားသခင်၏ တရားတော်များကို သင်ကြားနိုင်သောသူဖြစ်ရန် (တရား ၆း၆-၇)
သားသမီးများအား အတက်ပညာတိုးဖွားရန် ကူညီပေးပြီး၊၀ိညာဉ်ပိုင်းဆိုင်ရာ ဆုကျေးဇူးများကို ရှာဖွေတွေ့ရှိရန်
ကူညီပေးသောသူဖြစ်ရန်။(သုတ္တံ ၂၂း၆)
ဘုရားသခင်ကို ကြောက်ရွံတက်ရန်၊ချစ်ရန်၊သစ္စာရှိရန် သင်ကြားပေးသောသူ။(ဧဖက် ၆း၎၊သုတ္တံ ၂၈း၁၃-၁၄)
မိမိကိုယ်တိုင် ဘုရား၌မွေ့လျှော်၍ စံနမှုနာဖြစ်ရန်။(တရား၎း၉)



ရီမောစရာ
ကျိုးပျက်စရာပါသလား.
စေတနာကောင်းသော အမျိုးသမီးတဦးသည် ရပ်ဝေးတွင်ရှိနေသော သူမ၏အကိုအား ကျမ်းစာအုပ်ဟောင်းတအုပ်ကို ပို့ရန်စာတိုက်သို့ရောက်လာသတဲ့။ “တစ်စုံတစ်ခုကျိုးပျက်စရာ ပါသလား.” ဟု
စာတိုက်အလုပ်သမားက မေးတဲ့အခါ “ကျိုးပျက်စရာ ပညတ်တော်ဆယ်ပါးပဲ” ပါတယ်ဟု ပြန်ဖြေလိုက်တယ်။

ဒီအပတ်ဟာ မိခင်များနေ့ဖြစ်သလို၊ နိုင်ငံခြားသို့ထွတ်ခွာသွားမည့် မိသားစု၂စုကို နှုတ်ဆက်တဲ့နေဖြစ်ပါတယ်။ ဒီအပတ်ဟာ တခြားအပတ်များနှင့် မတူတဲ့ အစီစဉ်များကိုလဲ လုပ်ဆောင်သွားကြပါတယ်..အမျိုးသမီးအဖွဲ့မှ
Mission Hospital ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြဇာတ်ကိုလဲ ပြုလုပ်ခဲ့ပါတယ်၊ ဒီအပြင် မိခင်များနေ့ အထူးအစီစဉ်အနေနဲ့ မိခင်များက ကိုယ့်သားသမီးများပေါ်မှာ လက်တင်ဆုတောင်းပေးခြင်း၊မိမိ၏ မိခင်မရှိသောသူများ၊မိခင်ခေါ်တော်မှုခြင်းခံရသော သားသမီးများမှာလဲ သားသမီးများမရှိသောမိခင်များမှ လက်တင်ဆုတောင်းပေးကာ အပြန်အလှန် မျက်ရည်ကျလောက်အောင် သန့်ရှင်းသော ၀ိညာဉ်တော်အလုပ်လုပ်ခဲ့ပါတယ်.

Sunday, May 2, 2010

မိခင်များနေ့ အကြို..

သူငယ်ချင်းတို.ရေ ဒီနေ.ဟာကမာဘ.အမေများနေ.ပေါ့။
ဒါကြောင့်ဒီနေ.တို.မိခင်တွေကို

စိတ်ချမ်းသာအောင်ထားကြရအောင်လို......................................
စေတနာများဖြင်.

စံပီး

















M = Motivator
O = Only
T = Truelove
H = Heartiest
E = Exceptional
R = Responsible

M = Million thing she gave we
O = She is growing old
T = Tear she shed to save we
H = Heart of purest gold
E = Her Eyes , with love , Light shinning
R = Right , and right she`ll always be

တကယ်တော့ နေ့တိုင်း နေ့တိုင်းမှာ ရှည်လျားတဲ့ သမိုင်းကြောင်း ရှိပါတယ်။ ရာစုနှစ်နဲ့ ချီပြီး ရှည်လျားတဲ့ သမိုင်းကြောင်းဟာ ရှေ့ဟောင်း ဂရိခေတ်က စတယ်လို့ဆိုပါတယ်။ နတ်ဘုရားများရဲ့ မယ်တော်ရီ ဟာ (ျွ့နေ ) ၊ အား ဂုဏ်ပြုပွဲကို ဂရိတွေက ကျင်းပကြတယ်။ ရှေးတုန်းက ခရစ်ယာန်တွေက မယ်တော်မာရီ (မြေပ) ၊ ကို ဂုဏ်ပြုဖို့ ၀ါတွင်းကာလရဲ့ စတုတ္တမြောက် တနင်္ဂနွေနေ့မှာ မယ်တော်ပွဲကို ကျင်းပကြတယ်။ စိတ်ဝင်စားဖို့ ကောင်းတာကတော့ နောက်ပိုင်းမှာ ဘာသာရေးဂိုဏ်း တစ်ဂိုဏ်းကနေပြီးတော့ အဲ့ဒီနေ့မှာ အမေအားလုံးကို ပါဝင် စေခဲ့တာပဲ။ နေ့ကိုလည်း အမေများရဲ့ တနင်္ဂနွေလို့ မှည့်ခေါ်ခဲ့ကြတယ်။ အမေရိကမှာ အခြေစိုက်တဲ့ အင်္ဂလိပ်ကိုလိုနီတွေကတော့ အချိန်မရကြလို့ အချိန်မရကြလို့ အဲဒီအစဉ်အလာကို မလိုက်နာနိင်ကြပါဘူး။ ၁၈၇၂ ခုနှစ်မှာ ဂျုလီယက်ဝပ်ဒ်ဟိုဝီဟာ ငြိမ်းချမ်းရေးကို ရည်ညွှန်းပြီး အမေများနေ့အတွက် နေ့တစ်နေ့ကို ကျင်းပ ကြပါတယ်။ ဒါဟာ အမေ့နေ့ရဲ့ သမိုင်းမှာ မှတ်တိုင် တစ်ခုပါ။

၁၉၀၇ ခုနှစ်မှာ ဖီလာဒီယ်လ်ဖီးယားကျောင်း ဆရာမ တစ်ဦးဖြစ်တဲ့ အင်နာအမ်ယာဗစ်က သူ့မိခင်ကို ဂုဏ်ပြုပြီး နိင်ငံတော်အဆင့် အမေနေ့သက်မှတ်ရေးကို လှုပ်ရှားခဲ့ပါတယ်။ ရာချီတဲ့ ဥပဒေပြု လွှတ်တော် အမတ်တွေနဲ့ ထင်ရှားတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အကူအညီကို ရယူပြီး ပထမဆုံး အမေနေ့ကို သူ့မိခင်ကို ဂုဏ်ပြုပြီး ဘုရားကျောင်းမှာ ကျင်းပနိင်ခဲ့ပါတယ်။ အင်နာဟာ သူ့အမေ အကြိုက် ကာနေရှင်းပန်းတွေ ဘုရာကျောင်းမှာ ဝေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီပန်းဟာ ချိုမြိန်ခြင်း ၊ သန့်ရှင်းစင်ကြယ်ခြင်း နှင့် စိတ်ရှည် သည်းခံခြင်းတို့ကို ကိုယ်စားပြုလို့ပါ။ သူ့ရဲ့ ကြိုးပမ်းမှုကြောင့် ၁၉၁၄ ခုနှစ်မှာ အမေရိကန် သမ္မတကြီး ၀ုဒ်ဒရိုးဝီလ်ဆင်ဟာ မေလရဲ့ ဒုတိယအပတ် တနင်္ဂနွေနေ့ကို နိင်ငံတော် အားလပ်ရက်အဖြစ် ကြေငြာ ပေးခဲ့ပါတယ် ။ တဖြည်းဖြည်း တရွှေ့ရွှေ့နဲ့ အမေများနေ့ဟာ ပိုမိုထင်ရှားလာခဲ့သလို လက်ဆောင်ပေးတဲ့ လုပ်ရှားမှုတွေဟာလည်း တိုးပွားလာကြပြီး စီးပွားရေးအရ လုပ်စားလာကြလို့ အင်နာဟာ အလွန်အမင်း ဒေါသထွက်ခဲ့ရပါတယ်။ အင်နာ ဘယ်လိုပဲ သဘောထားထား အမေများနေ့ဟာ အမေရိကမှာ ထွန်းကား လာရုံသာမက ကမ္ဘာတစ်ဝှမ်းလုံးမှာတောင် ပြန့်နှံခဲ့ပါတယ် ။

ကျင်းပတဲ့ ရက်တွေသာ ကွဲလွဲကြပေမယ့် ဒိန်းမတ် ၊ ဖင်လန် ၊ တူရကီ ၊ အီတလီ ၊ သြစတြေးလျ နဲ့ ဘယ်လ်ဂျီယံ စတဲ့ နိင်ငံတွေမှာတော့ မေလရဲ့ ဒုတိယအပတ် တနင်္ဂနွေနေ့ကိုပဲ အမေများနေ့ အဖြစ် ကျင်းပကြပါတယ်တဲ့ ။

အမေနှင့်ပတ်သက်၍ နိင်ငံတကာ အခေါ်အဝေါ်တွေကတော့

ပြင်သစ် - မဲ
ဂျာမန် - မတ်တာ
ရုရှား - မှက်ခ်ျ
ဟိန္ဒီူ - မာဂျီ
အင်္ဂလိပ် - မာမီ
အီတလီ - မက်ဒါ
ဆားဘီးယား - မက်ဂ်ျကာ
ဒက်ခ်ျ - မိုအာ
အက်စတိုးနီးယား - အမ်မာ
ဂရိ - မာနာ
ဟာဝိုင်ယီ- မာယူယာဟိုင်း
ဟန်ဂေရီယား - အင်နာ ၊ ဖူ
အင်ဒိုနီးရှား - အင်ဒု(က်) ၊ အီဘူ ၊ ညိုကက်
မြန်မာ - အမေ ၊ မေမေး)

အထက်ပါ စာတွေကတော့ ကျွန်တော်ရေးတာ မဟုတ်ပါဘူး။ ပေါ်ပြူလာမြန်မာကနေ ဖတ်မိတာလေးကို ရေးထားတာပါ။ အသေးစိတ် သိချင်ရင် ဒီနေရာ လေးကနေ သွားရောက် ဖတ်ရှု့နိင်ပါတယ်။ အားလုံးပဲ မုန်းတိုင်းဒဏ်ကြောင့် ၀မ်းနည်းနေမယ်ဆိုတာ သိပေမယ့် အမေများနေ့မှာ ၀မ်းနည်းစွာနဲ့ မုန်းတိုင်းထဲမှာ ပါသွားတဲ့ အမေတွေရော ၊ အသက်ရှင် ကျန်ရစ်ခဲ့တဲ့ အမေတွေအားလုံးကိုရော ဒီပို့စ်လေးကနေ ကန်တော့အပ်ပါသည်။ အမေ.......

April 25,2010 တရားဟောချက်

 ယခင်အပါတ်ဒေသနာအကျဉ်း
                                                   Saya Tai Sawn Lian


♥ Peter ၃း၁၇ မှ ( ပြည့်စုံသော ဘုရားရဲ့အလိုတော်ကို နာခံခြင်း) ဟူသောခေါင်းစဉ်ဖြင့် ဝေငှသွားခဲ့ပါသည်၊

♥ ကျနော်တို့ လူသားတိုင်းသည် ကိုယ့်အလိုကိုလိုက်ပြီး အသက်ရှင်  တတ်ကြပါတယ်။

-    ဘုရားက မြစ်တားတဲ့အရာ။ ဘုရားအလိုမရှိတဲ့အရာကို လုပ်မိရင် ဒုက္ခရောက်တတ်တယ်၊

♥ အခြေအနေက ပေးသော်လည်း ဘုရားအလိုတော်မရှိတဲ့အရာကို
             လုပ်မိရင် ကျနော်တို့အတွက် အန္တာရယ်များ-

   
-     ဒါဝိဒ်သည် ရှောလုမင်းကြီးကို သတ်ဖို့ရန် အခြေအနေ
                   ပေးသော်လည်း မသတ်ခဲ့ပေ၊   

-    ကျနော်တိုဏ္ဍအားလုံးရဲ့ အသက်တာမှာ ရူပါရုံ ရှိတယ်၊ သို့သော် အဲဒီကိုလျှောက်တဲ့အခါ လမ်းမမှားဖို့၊ ဖြတ်လမ်းမသုံးဖို့ အရေးကြီးတယ်၊

-    ဖြတ်လမ်းကို မသုံးပါနှင့်

-    ပေါလုနှင့် သိလတို့သည် ထောင်တံခါးများပွင့်ပြီး ထွက်ပြေး ဖို့အခွင့်ကြုံသော်လည်း မထွက်သွားခဲ့ပေ၊ အဲဒီအကျိုးဆက် ကြောင့် ထောင်မှူးနှင့် သူ့အိမ်သူသားများ ကယ်တင်ခြင်းရခဲ့သည်၊

သမ္မာကျမ်းစာလေ့လာခြင်း
Saya Mangpi

♥ယခင်အပါတ် သမ္မာကျမ်းစာလေ့လာခြင့်း မာကု ၆း ၄၅ မှ 
   လေ့လာခဲ့ကြသည်၊

♥ ကျနော်တို့ရဲ့အသက်တာတွင် ဘုရားစကားကို နာခံ လိုက်တာနှင့်
    ကောင်းကြီးမင်္ဂလာရမည်ဟု ခံယူတတ်ကြသည်၊

♥ ခရစ်တော်.စကားကိုနာခံပြီး တပြည့်တော်များသည် ကမ်းတဖက်
   သို့ ကူးစဉ်တွင် လေပြင်းမုန်တိုင်းနှင့် တွေ့သည်၊

♥ဘုရားသခင်သည် အရာခပ်သိမ်းကို တတ်စွမ်းနိုင်သောဘုရား
   ဖြစ်တယ်ဆိုတာကို ယုံကြည်စွဲကိုင်းသည့်အခါ ကျနော်တို့သည်
   အောင်မြင်ခြင်း။ ဆုံးရှုံးခြင်း ဆိုသည့်အရာများအပေါ်မှာ ရပ်တည်
   တော့မည်မဟုတ်ပါ၊


♥ ဘုရားသခင်အလိုရှိသောအရာမှာ အောင်မြင်မှု။ ရှုံးနှိမ့်မှုများ
   ရှိနေတဲ့အချိန်မှာပင် သူနဲ့အမြဲ နီးကပ်ဖို့ရန်ဖြစ်တယ်၊ 

 ရီမောစရာ
ကောင်းကင်ဘုံအကြောင်းကို သင်ကြားပေးပြီးနောက် Sunday School
      ဆရာမသည် ကလေးငယ်များအား “ ကဲ ကလေးတို့    အခုဘယ်သူတွေက ကောင်းကင်ဘုံကိုရောက်ချင်သလဲ ” ဟုမေးလိုက်
    ရာ ကောင်မလေးတစ်ယောက်မှ လွဲအားလုံးက လက်ထောင်ကြလေတယ်။  
                            ကောင်မလေးက “ ကျမစိတ်မကောင်းပါဘူး ကျမ မလိုက်နိုင်
                      သေးဘူး။ အမေက Sunday School ပြီးရင် အိမ်ကို ချက်ချင်းပြန်ခဲ့
                                                    လို့ပြောတယ် ”

Design By

SBSangpi

လာရောက်သူတယောက်စီတိုင်းအပေါ်မှာ ဘုရားရှင်ကောင်းကြီးပေးပါစေ။ Design by : SB Sangpi